အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများကို လက်ပစ်ဗုံး၊ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲ

 

နေပြည်တော်    ဒီဇင်ဘာ   ၃၀


အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား       ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့်   အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ  နောက်ကွယ် မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့်  အများ ပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းများ နှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ် မိုင်းများထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်အပြင်  အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော  စာသင်ကျောင်းများ ကိုလည်း မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး များဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိသည်။ 

 


ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသ ကြီး  စစ်ကိုင်းမြို့နယ်   ပေါက္ကားကျေးရွာရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်းသို့ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက်သူ အမျိုးသား သုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိ လာပြီး လက်လုပ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သဖြင့် လက်လုပ်ဗုံး တစ်လုံးမှာ ကျောင်းဝင်း အတွင်း  ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်းနှင့် အဆောက် အအုံနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။ 

 


အလားတူ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကလေး မြို့နယ် အောင်ဇေယျရပ်ကွက်ရှိ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်း၌  ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်းသတင်းအရ    လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းခြံစည်းရိုး အုတ်တံတိုင်းနှင့်  တစ်ပေခန့်အကွာ  ကျောင်းဝင်း အတွင်း၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ခြံစည်းရိုးနှင့် နှစ်ပေခန့်အကွာတွင် လက်လုပ် မိုင်း တစ်လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းရမိခဲ့သည်။ 

 


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ် များကို   ကျူးလွန်သူများအား   ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက  စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း   သတင်း ရရှိသည်။                                          

သတင်းစဉ်