
နေပြည်တော် မတ် ၁၇
အနာဂတ်လူငယ်၊ လူရွယ်များ ပညာ ရည် မြင့်မားရေးအတွက် စာသင်ကျောင်း များ ဖွင့်လှစ်၍ စာပေသင်ကြားပေး လျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ် ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက် ရှိသည့် ဆရာ ဆရာမများကို အကြမ်းဖက်ခြိမ်းခြောက် ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် မြို့စိုး(မြောက်)ကျေးရွာနေ ကမ်းမဖြူအခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်စိန်(ခ) မြင့်မြင့်စိန် (၅၇)နှစ် (ဘ) ဦးထွန်းတင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် မတ် ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၄၀ တွင် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး ရောက်ရှိလာပြီး ဒေါ်မြင့်စိန် (ခ) မြင့်မြင့်စိန် ကို “CDM မလုပ်ဘူးလား” ဟု ခြိမ်းခြောက်ကာ “ဒလန်” ဟု စွပ်စွဲပြောဆို၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် လည်ဂုတ် ပြတ်ရှဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် မင်းတုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ မင်းတုန်း အခြေခံပညာအထက်တန်းကျောင်းအား အကြမ်း ဖက်သမားများက ဂက်(စ်)ဘူး သုံးဘူးကို ဆိုင်ကယ် ကျွတ်စဖြင့်ပတ်ကာ ဓာတ်ဆီလောင်း၍ ကျောင်း ခြံစည်းရိုးအပြင်မှ မီးရှို့ပစ်ပေါက်ခဲ့သဖြင့် ကျောင်း အုပ်ကြီးရုံးခန်းအပြင်ဘက် ဝရန်တာသို့ ကျရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ပေါက်ကွဲ မှုကြောင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ပျက်စီး၍ ကျောင်းအုပ်ကြီးရုံးခန်း တံခါးမကြီး၏ မှန်များ၊ ပြတင်းပေါက်မှန်များနှင့် အဋ္ဌမတန်း(က)စာသင်ဆောင် အခန်းတံခါးမကြီး၏မှန်များ ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ ဆရာမများ အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်