အကြမ်းဖက်ဝါဒီတို့ ခိုလှုံရာ

 

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်သတ်ဖြတ်မှု၊ တိုက်ခိုက်ဖျက်ဆီးမှုများအတွက် ပြည်ပနိုင်ငံအချို့တွင် ရောက်ရှိ ခိုလှုံနေကြသည့်  ပြည်ပြေးလူပုဂ္ဂိုလ်အချို့၌ တာဝန်ရှိနေသည်။ ၎င်းတို့က မြန်မာနိုင်ငံတွင် လူအများအပြား အသုံးပြုကြသည့် လူမှုကွန်ရက်တို့မှတစ်ဆင့် ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ကြရန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုအပေါ်  အခြေခံကာ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပဋိပက္ခ ဖြစ်စဉ်များတွင်  ဆန္ဒပြပွဲများမှ တစ်ဆင့်ပြီးတစ်ဆင့် တက်လာ ကာ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများအထိ  ရောက်ရှိ လာခဲ့ခြင်း၏နောက်ကွယ်တွင် ကြိုးကိုင်ဖန်တီးမှုများ ရှိနေခဲ့သည်။ ယင်းတို့အနက်    ပြည်ပသို့   ထွက်ပြေးရောက်ရှိသွားသူများက ပြည်တွင်း၌  စစ်မီးတောက်လောင်ကာ  ပြာပုံဘဝရောက်ရှိသွား ပြီးနောက်မှ ၎င်းတို့အာဏာရယူကာ နိုင်ငံကို ပြန်လည်ထူထောင် မည်ဟူသော အလုံးစုံပျက်သုဉ်းရေးအယူဝါဒကို ဆွဲကိုင်ထားကြ ပြီး ပြည်တွင်း၌  အကြမ်းဖက်မှုများဖြစ်လာအောင်  လှုံ့ဆော်ခဲ့ ကြရာတွင် “တော်လှန်ရေးတွင် ကြားနေမရှိ၊ ရန် - ငါဖြတ်ရမည်”  ဟူ၍လည်းကောင်း၊ “စစ်ကောင်စီ၏ ဒေါက်တိုင်များကို သုတ်သင် ရှင်းလင်းရမည်”  ဟူ၍လည်းကောင်း  လက်ဝဲကွန်မြူနစ်တို့၏ အသုံးအနှုန်းများဖြင့် သွေးထိုးခဲ့ကြခြင်းဖြစ်သည်။

 


အဆိုပါ  သွေးထိုးလှုံ့ဆော်မှုများကြောင့်  ၎င်းတို့ဘက်သို့ မပါသူများတွင် ၎င်းတို့အား ဆန့်ကျင်သူများကိုသာမက နိုင်ငံရေး ကို ဘာမှမသိနားမလည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရဟန်းသံဃာ သီလရှင်များပါမကျန် ရန် - ငါဖြတ်ခြင်း တစ်နည်းအားဖြင့် ငါနှင့်  မတူ  ငါ့ရန်သူအဖြစ်   သတ်ဖြတ်ခြင်းခံကြရသည်။   ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ကို    လိုလားသူများ၊   ပုဂ္ဂိုလ်ရေး   ရန်ငြိုးရှိခဲ့သူများကို   အစိုးရ ဒေါက်တိုင်၊  သူလျှိုဒလန်များအဖြစ် စွပ်စွဲလုပ်ကြံသတ်ဖြတ်ရာ တွင် မိသားစုတစ်စုလုံး ကလေးပါမကျန် အကြမ်းဖက်သတ်ဖြတ် ခဲ့ကြသည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး မှတ်တမ်းမှတ်ရာ သက်သေ သာဓကများလည်း ပေါ်ထွက်ခဲ့သည်။   အဆိုပါ   အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသူများမှာ ယခုနှစ် မတ်လ ကုန်အထိ  ၅၄၇၅ ဦး  ရှိခဲ့ပြီဖြစ်ပြီး  ကလေး ၁၆၂  ဦး  ပါဝင်နေ သည်။

 


မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုဖြစ်စဉ် များနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုင်းအဝိုင်းတွင်မူ သတင်းများ မှာ   ပုံပျက်ပန်းပျက်   မှားယွင်းလျက်ရှိသည်။  အချို့ဖြစ်စဉ်များ  သည် ကမ္ဘာကို ပြသနိုင်ရန်  လုပ်ကြံဖန်တီးမှုများဖြစ်ပြီး အနောက် တိုင်းမီဒီယာများ အကြိုက်တွေ့လေ့ရှိသည့်  သတင်းမျိုးလည်း ဖြစ်သည်။ ကုလသမဂ္ဂတွင်  မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ တာဝန် ပေးအပ်ခံရသူများက မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်များကို ရယူရာတွင် မြန်မာနိုင်ငံမှ  တရားဝင်ပေးပို့လျက်ရှိသည့် ကိန်း ဂဏန်းအချက်အလက်များကို ရယူကိုးကားခြင်းမပြုဘဲ မြန်မာ နိုင်ငံကို ဆန့်ကျင်နေသည့် အုပ်စုများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ မီဒီယာများမှ လိုရာဆွဲထားသော၊ မှားယွင်းသော၊ တိကျခိုင်မာမှု မရှိသော ကိန်းဂဏန်းအချက်အလက်များကို ရယူကိုးကားနေ ခြင်းကပင် မှားယွင်းနေခြင်းဖြစ်သည်။

 


လက်ရှိမြန်မာနိုင်ငံ၏    အခြေအနေကို   အစွဲကင်းကင်းဖြင့် ရှုမြင်ပြီး  တရားဝင်သတင်းအချက်အလက်များနှင့် နှိုင်းယှဉ်၍  ချိန်ထိုးစဉ်းစားမှသာလျှင် အမှန်တရားနှင့် နီးစပ်စွာ သိရှိနိုင်မည် ဖြစ်သည်။ လက်ရှိနိုင်ငံရေးပဋိပက္ခတွင် အစွန်းရောက်စိတ်ဓာတ် ရှိသူများမှလွဲလျှင် ပြည်တွင်း၌  ရှိနေသည့်  သာမန်တိုင်းရင်းသား ပြည်သူလူထုအများစုကြီးမှာ  ပြည်တွင်း၌  တည်ငြိမ်အေးချမ်း သာယာရေး၊ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများကြောင့် လက်နက် ကိုင်ပဋိပက္ခများ    ပိုမိုဆိုးရွားမလာစေရေး၊    လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး  ထာဝရငြိမ်းချမ်းရေး၊ စားရေရိက္ခာဖူလုံ ပြီး  စီးပွားဖွံ့ဖြိုးတိုးတက်ရေးသည်သာ   အလိုလားဆုံးဆန္ဒဖြစ် ပါကြောင်း။         ။