အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လမ်းစဉ် ပြည်သူအားလုံး ပြင်းပြင်းထန်ထန်ရှုတ်ချ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအမည်ခံ၍    လက်နက်ကိုင်ဆန့်ကျင်လျက်ရှိ သည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား   ဥပဒေ ဘောင်အတွင်းသို့  ပြန်လည်ဝင်ရောက်ရန်   ဖိတ်ခေါ်လျက်ရှိပြီး      ယင်းသို့ပြန်လည်ဝင်ရောက်လာသူများအား လိုအပ်သည့် ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသလို လက်နက်ခဲယမ်းများဖြင့်    ဝင်ရောက်လာသူများကိုလည်း ပါရှိလာသည့် လက်နက်ခဲယမ်း များအလိုက် ဆုကြေးငွေများ ထောက်ပံ့ပေးလျက်ရှိသည်။ 

 


၂၀၂၀ ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲ  မဲမသမာမှုကို အကြောင်းပြု၍    ဖြစ်ပေါ်လာသည့်    နိုင်ငံရေးဖြစ်စဉ်များ မှတစ်ဆင့်  အကြမ်းဖက်ဝါဒ၊   အကြမ်းဖက်အဖွဲ့အစည်း  အုပ်စု များနှင့်  အကြမ်းဖက်လုပ်ရပ်များသည် တော်လှန်ရေးဟူသော ခေါင်းစဉ်အောက်တွင်  ပေါ်ပေါက်လာခဲ့ပြီး  တစ်နှစ်ပြီးတစ်နှစ် အချိန်ကြာမြင့်လာသည်နှင့်အမျှ   လက်နက်မဲ့၊   အပြစ်မဲ့ပြည်သူ များကို လက်မရွံ့သတ်ဖြတ်မှုများက  ပို၍   ပို၍    ထင်ရှားလာခဲ့ သည်။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်   “စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်     ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စု တည်ဆောက်‌ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွား မည်။” ဟူသော   ရှေ့လုပ်ငန်းစဉ်၊    “အရေးပေါ်ကာလဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့်အညီ    ဆောင်ရွက်ပြီးစီးပါက   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲအား   ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ   နိုင်ငံတော်တာဝန်အား   လွှဲအပ်နိုင်ရေး    ဆက်လက်ဆောင်ရွက် သွားမည်”  ဟူသော  ရှေ့လုပ်ငန်းစဉ်တို့ကို  လုပ်ငန်းစဉ်(၅)ရပ်  တွင်  အတိအလင်း ထည့်သွင်းချမှတ်လျက်  အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော်  ဝန်ကြီးချုပ်ကလည်း “မိမိတို့အနေဖြင့်ရွေးကောက်ပွဲပြန်လည် ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ် ဖြစ်အောင် ဆောင်ရွက် သွားမည်ဟု အာမခံကြောင်း”  ပြောကြားထားပြီး   တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊    တိုင်းပြည်အတွက်  ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည် ဆိုပါက     မည်သူ့ကိုမဆို   လက်တွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်းတို့ကိုလည်း အသိပေးထားသည်။ စင်စစ်အားဖြင့် ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲ  မဲမသမာမှုများနှင့်စပ်လျဉ်း၍   တရား ဥပဒေနှင့်အညီ ဆောင်ရွက်မှုများ၊ ရင်ဆိုင်ဖြေရှင်းမှုများ ပြုခဲ့လျှင်၊ နိုင်ငံနှင့် ပြည်သူနစ်နာစေမည့် လမ်းကြောင်းကို မရွေးချယ်ခဲ့လျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ပေါ်ပေါက်လာမည်မဟုတ်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်လည်း အရေး ပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် နေခြင်းသာဖြစ်သည်။

 


ဒီမိုကရေစီစနစ်တွင်   နိုင်ငံ၏အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ   ဆင်းသက်လာခြင်းဖြစ်ပြီး အချုပ်အခြာအာဏာ ၏ မူလပိုင်ရှင်မှာ ပြည်သူသာဖြစ်သည်။ နိုင်ငံတော်အာဏာသည် ပါတီပိုင်၊ အဖွဲ့အစည်းပိုင်၊ လူပုဂ္ဂိုလ်ပိုင် ပစ္စည်းတစ်ခုမဟုတ်သကဲ့  သို့ အုပ်ချုပ်သူနှင့်   ပြည်သူများအကြား  ပဋိညာဉ်သဖွယ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ     ကျင့်သုံးဆောင်ရွက်ကြရမြဲ ဖြစ်သည်။ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲ အစွဲအလမ်းများနှင့် အစွန်းရောက် စိတ်ဓာတ်များသည်   ဒီမိုကရေစီ၏   အန္တရာယ်များပင်ဖြစ်ပြီး အကြမ်းဖက်လူသတ်ဝါဒမှာမူ   ဒီမိုကရေစီနှင့်   ပြဒါးတစ်လမ်း သံတစ်လမ်းပင်ဖြစ်သည်။ အစွဲအလမ်းကြီးသူများ၊ အစွန်းရောက် ဝါဒီများနှင့် အကြမ်းဖက်သမားတို့အနေဖြင့် ပြည်သူတစ်ရပ်လုံး ကို ကိုယ်စားမပြုနိုင်သကဲ့သို့  ဒီမိုကရေစီ၏ အနှစ်သာရများ ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ခွင့်တူညီမျှခြင်း တို့ကို လည်း မည်သို့မျှဖော်ဆောင်နိုင်မည်မဟုတ်။ ဥပဒေဘောင်အတွင်း  အေးချမ်းစွာနေထိုင်လိုသော   ပြည်သူများ၊  နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းသာယာရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ပြည်သူများ၊ မိမိတို့၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားမှု ကို   အလိုရှိသော   ပြည်သူများအားလုံးက   အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်တို့ကို  ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချ ကြမည်သာဖြစ်ပါကြောင်း။       ။