အက်သလက်တီကိုမက်ဒရစ်အသင်းမှ စပိန်တိုက်စစ်ကစားသမား မိုရာတာကို အေစီမီလန်အသင်း ခေါ်ယူ

 

စီးရီးအေကလပ်  အေစီမီလန်အသင်းသည် လာလီဂါကလပ်       အက်သလက်တီကို မက်ဒရစ်အသင်းမှ  စပိန်တိုက်စစ်ကစား သမား အယ်ဗာရို မိုရာတာကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်    အပါအဝင် လေးနှစ်စာချုပ်ဖြင့်    ခေါ်ယူလိုက်ပြီဖြစ် ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်ကစား သမား မိုရာတာသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်း၏    အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  အသင်းကို စံချိန်တင်ဖလားဆွတ်ခူးရန်     စွမ်းဆောင် ပေးနိုင်ခဲ့သည်။     မိုရာတာသည်   ၎င်း၏ ပရော်ဖက်ရှင်နယ်   ကစားသမား ဘဝကို ရီးရဲမက်ဒရစ်အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး   နာမည်ကြီး ဂျူဗင်တပ်စ်နှင့်   ချယ်ဆီးအသင်း တို့တွင်လည်း    ကစားခဲ့ဖူးသူဖြစ် သည်။
ဆွတ်ခူးရရှိ
မိုရာတာသည်  ရီးရဲမက်ဒရစ် အသင်းတွင်   ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်နှင့်   ဂျူဗင်တပ်စ်အသင်း တွင်  စီးရီးအေ    အမှတ်ပေးဖလား နှစ်ကြိမ် ဆွတ်ခူးရရှိထားသည်။
ထို့ပြင်  ၎င်းသည်    ချယ်ဆီး အသင်းတွင် အက်ဖ်အေဖလားကို လည်း   ဆွတ်ခူးရရှိထားသည်။ မိုရာတာသည်   မိခင်နိုင်ငံ   စပိန် အသင်းအတွက် ပွဲ  ၈၀   ကစား ထားပြီး  ၃၆ ဂိုး သွင်းယူပေးထားသည်။                                                                                                                       
အောင်ဇော်