အလုံမြို့နယ်တွင် SKY WAY စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွား

 

ရန်ကုန်    ဇွန်     ၃၀


ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သစ်တောရပ်ကွက် ကမ်းနားလမ်း နှင့် အလုံလမ်းထောင့်ရှိ SKY WAY စားသောက်ဆိုင်တွင်  ဇွန် ၂၉ ရက် ည ၁၀ နာရီ  ၂၃ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် စခန်းမှ သိရသည်။

 


ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သစ်တောရပ်ကွက် ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်ရှိ SKY WAY စားသောက်ဆိုင်တွင်   တပ်ဆင်ထားသော    အဲကွန်းဆေ့ကတ်   အပူလွန်ကဲရာမှ    စတင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

 


မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှ  ညွှန်ကြားရေးမှူး ဦးမင်းစန်းအေးနှင့်   တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်    ၁၀ စီး၊   ရေသယ်ယာဉ် ၁၅ စီး၊   အုပ်ချုပ်မှုယာဉ်   ငါးစီးတို့ဖြင့် Level-2 အဆင့်ရှိ ယာဉ်များဖြင့်   ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီတွင် မီးငြိမ်းခဲ့သည်။

 


အဆိုပါမီးလောင်ခဲ့မှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။     ထက်

တံခွန်(အလုံ)