အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့်အတွက် လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့် ထုတ်ပေး

 

ပုသိမ်   ဩဂုတ်   ၉


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာရ၍  သေဆုံးမှုကြောင့်   ၂၀၁၂ ခုနှစ်  လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့်  ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ပုသိမ်မှန်စက်ရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး  ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း   သိကောင်းစရာများကို   ရှင်းလင်း ပြောကြားပြီး   အလုပ်တွင်  ထိခိုက်မှုကြောင့်  သေဆုံးခဲ့သည့် အာမခံ အလုပ်သမား   ဦးသန်းထွဋ်အုန်း  (ခ) ဦးသန်းထွဋ်အုံး၏   ကျန်ရစ်သူ အကျိုးခံစားခွင့်   ငွေလုံးငွေရင်းငွေကျပ်  ၁၀၈ သိန်းနှင့်   သေဆုံးမှု အတွက် နာရေးစရိတ်ငွေကျပ်ကိုးသိန်း  စုစုပေါင်းငွေကျပ် ၁၁၇ သိန်း ကို  မှန်စက်ရုံမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ ရှေ့မှောက်တွင် ကျန်ရစ်သူ မိသားစုထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။                                          

ခရိုင်(ပြန်/ဆက်)