အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း အလုပ်သမားရေးရာဆိုင်ရာ ဆောင်ရွက်ချက်များ


 

နေပြည်တော် နိုဝင်ဘာ ၁၉


နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက် ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုး ခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် အမျိုးသား ၂၅၇၆ ဦး၊ အမျိုးသမီး ၄၇၀၉ ဦး တို့ အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၇၂၈၅ ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်း ထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း အခြား ဌာနသို့ လွှဲပြောင်းမှု သုံးမှု၊ ကျေအေးမှု လေးမှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ကိုးမှု၊ ပိတ်သိမ်းမှု ၁၀ မှု၊ ငွေကြေးအကျိုးခံစားခွင့် ၃၂ မှုနှင့် လက်ကျန်အမှု ၄၃ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုး ခံစားခွင့်ရှိသူ ၃၇၇ ဦးအား ငွေကျပ် ၁၁၀,၀၁၃, ၂၅၁ ကို ခံစားခွင့်ရရှိစေခဲ့သည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများ ပြည်သူ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစား ခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ် လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေ မရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေး ခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၂၈၇၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့သည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ် သမား အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် ၁၂ မှုနှင့် ခုံသမာဓိကောင်စီတွင် ၁၂ မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစား ခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုး ခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၇၆၀၀၀ ကျော် အကျိုးခံစားခွင့် ပေးခဲ့ပြီး အာမခံ အလုပ်သမား ၂၃၈၀၃ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ် သိန်း ၁၄၃၀ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။
အာမခံအလုပ်သမားများအား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်း များတွင် ဆေးကုသပေးမှု အခြေအနေများမှာ အလုပ်သမားဆေးရုံကြီး သုံးရုံ ပြင်ပလူနာ ၁၆၇၈ ဦး၊ အတွင်းလူနာ ၄၀၂ ဦး စုစုပေါင်း ၂၀၈၀ နှင့် လူမှု ဖူလုံရေးဆေးခန်း ၉၆ ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ ဌာနကြီးဆေးခန်း ၅၈ ခန်းနှင့် သားဖွားမီးယပ် (OPD) ဝန်ဆောင်မှုစမ်းသပ်ဆောင်ရွက်ပေး လျက်ရှိသည့် ငါးခန်း အပါအဝင် PPS စနစ်ဖြင့် ဆောင်ရွက်သည့်ဆေးခန်း ၁၄ ခန်းတို့မှ ဆေးကုသပေးမှု စုစုပေါင်း ၄၆၉၆၂ ဦးတို့ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်