
ကျောက်ဆည် ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းနှင့် ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်ယုယုမော် တို့က ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော Myanmar Naing Group Co.,Ltd မှ အာမခံအလုပ်သမား ဦးကျော်မင်းဦး၏ လုပ်ငန်းခွင်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန် စွမ်းမှုအတွက် အကျိုးခံစားခွင့်ငွေကျပ် ၈၈၂၀၀၀၀ နှင့် အာမခံအလုပ် သမား ခုနစ်ဦး၏ နာရေးစရိတ်အကျိုးခံစာခွင့်၊ မီးဖွားမှုနှင့် မီးဖွားစရိတ် အကျိုးခံစားခွင့်၊ ဆေးဖိုးကုန်ကျငွေကျပ် ၅၀၅၅၇၃၃ ဒသမ ၆၈ ကို ပေးအပ်ရာ Myanmar Naing Group Co.,Ltd မှ အာမခံအလုပ်သမား ဦးကျော်မင်းဦးက ကျေးဇူးတင်စကားပြောကြားသည်။ ခရိုင်(ပြန်/ဆက်)