အများပြည်သူသို့ အသိပေးကြေညာချက်

၁။    အဂတိလိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်း နံပါတ်များသို့ Short Code နံပါတ်  “1111” အသုံးပြု၍  SMS  မှ တစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန်  “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီ အစဉ် (Public Feedback Programme - PFP)” ကို   သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၂။    အဆိုပါ PFP အစီအစဉ်သည် အစိုးရဌာန/ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ     ပိုမိုကောင်းမွန်လာစေရေးနှင့်    အဂတိ လိုက်စားမှုများ      လျော့နည်းကျဆင်းစေရေးအတွက်   ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့်  Short Code  နံပါတ် “1111” မှတစ်ဆင့်  SMS ဖြင့်  ပေးပို့မေးမြန်းသော   မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့်  အစိုးရဌာန/ အဖွဲ့ အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်း ချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ပါသည်။
၃။    သို့ဖြစ်ပါ၍     ပြည်သူများအနေဖြင့်      အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်   ပူးပေါင်းပါဝင်ဆောင်ရွက်ပေး နိုင်ပါရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း       အသိပေးတိုက်တွန်းနှိုးဆော် အပ်ပါသည်။            
  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်