
ဝါရှင်တန် ဇန်နဝါရီ ၃
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ကြေညာ ခဲ့သည်။
ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန် သော ကြေညာချက်အရ လွိုက်အော်စတင်မှာ နေအိမ်တွင် ကိုဗစ် -၁၉ ရောဂါ လက္ခဏာများ ပြသပြီးနောက် ဆေးစစ်မှု ပြုလုပ်ရန် တောင်းခံခဲ့သည်ဟု သိရသည်။
၎င်းခံစားရသည့် ရောဂါ လက္ခဏာများမှာ အပျော့စား လက္ခဏာများဖြစ်ပြီး အမေရိ ကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ လမ်း ညွှန်ချက်များအတိုင်း ငါးရက် သီးခြားခွဲ၍ နေထိုင်မည်ဟုလည်း ဖော်ပြခဲ့သည်။
အဓိက အစည်းအဝေးများ ကို အွန်လိုင်းပေါ်မှသာ ပြုလုပ် သွားမည်ဟုလည်း ဖော်ပြထား သည်။ ၎င်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို နောက်ဆုံးတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၌ ရောဂါလက္ခဏာများ မပြမီ တစ်ပတ်ကျော်က သမ္မတနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ပြော သည်။
အော်စတင်သည် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်စလုံးထိုးပြီးသားဖြစ်ပြီး အောက်တို ဘာလအစောပိုင်းတွင် တတိယ အကြိမ် ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည်။
အင်န်အိတ်ချ်ကေ