အမေရိကန်အက်ဖ်ဒီအေအကြံပေးအရာရှိများက ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ထိုးပေးရန် ထောက်ခံအတည်ပြု

 

ဝါရှင်တန်   အောက်တိုဘာ    ၂၇ 


အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (အက်ဖ်ဒီအေ)၏အကြံပေးအရာရှိများက ဖိုက်ဇာ Pfizer-BioN Tech ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးများအတွက် ခွင့်ပြုပေးရန် ထောက်ခံပေးခဲ့သည်။
အက်ဖ်ဒီအေ၏ကာကွယ်ဆေးနှင့် ဆက်စပ်ဇီဝထုတ်ကုန်အကြံပေးကော်မတီ၏ တစ်နေ့တာအစည်း အဝေးပြီးနောက် အဆိုပါဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

 


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကလေး ငယ်များအတွက်  သုံးပတ်ခြားပြီး   နှစ်ကြိမ်ထိုးစာ အဖြစ် ထိုးပေးနိုင်ကြောင်း အက်ဖ်ဒီအေ၏ ထုတ်ပြန် ချက်အရ သိရသည်။ 

 


ကလေးများသည် အရွယ်ရောက်ပြီးသူများထက် ကိုဗစ်-၁၉ ကြောင့်  ပြင်းထန်ဖျားနာမှုဖြစ်ပွားခြင်း သို့မဟုတ် သေဆုံးခြင်းနည်းပါးသော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနိုင်ပြီး  ရောဂါပျံ့နှံ့နိုင်ကြောင်း သိရသည်။ 
စမ်းသပ်ချက်များအရ ဖိုက်ဇာသည် ဘေးကင်း စိတ်ချရပြီး အသက် ၅ နှစ်မှ  ၁၁  ကလေးများ၏ ကိုဗစ်-၁၉     ရောဂါလက္ခဏာများကို  ၉၀  ဒသမ ၇ ရာခိုင်နှုန်း    အစွမ်းထက်ထိရောက်စွာ   ကာကွယ် နိုင်စွမ်းရှိကြောင်း သိရသည်။ 
ဒုတိယအကြိမ်ထိုးနှံပြီးနောက် တွေ့ရများသော ဘေးထွက်ဆိုးကျိုးများမှာ ဆေးထိုးထားသည့် နေရာ အနားတစ်ဝိုက်တွင် အနည်းငယ်နာကျင်ခြင်း၊ နုံးချည့် ခြင်းနှင့် ခေါင်းကိုက်ခြင်းသာရှိကြောင်း သိရသည်။ 

 


အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက် ပြီး ပြင်းထန်သော ဆိုးကျိုးမရှိကြောင်း အက်ဖ်ဒီအေ ၏ ထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါဆေးကိုသာ        ခွင့်ပြုပေးလိုက်ပါက ယင်းဆေးသည် ကလေးငယ်များအတွက် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်လာမည်ဖြစ်သည်။ 
ကလေး   ကိုဗစ်-၁၉ ကာကွယ်ဆေး   ၁၅ သန်း မကြာမီရောက်ရှိမည်ဖြစ်ကြောင်းနှင့် နိုဝင်ဘာ ပထမ အပတ်တွင် ပထမအကြိမ်ထိုးပေးနိုင်ရန် ကျန်းမာရေး အာဏာပိုင်များက မျှော်လင့်ထားသည်။ လွန်ခဲ့သော သီတင်းပတ်က   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသော ကလေးငယ်ပေါင်း ၁၁၈၀၀၀ ရှိလာခဲ့ကြောင်း ဖော်ပြ ပြီးနောက်ပိုင်းတွင် ယခုလို ကလေးများ  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ဆုံးဖြတ်ချက်ထွက်ပေါ် လာခြင်းဖြစ်သည်။                                    

 

ဆင်ဟွာ