အမေရိကန်အနောက်ပိုင်း  အပူချိန်  မြင့်တက် 


 

ဝါရှင်တန်   ဇွန်  ၂၉


 အမေရိကန်အနောက်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံ များမှာ  ပြင်းထန်သည့်  အပူဒဏ်ကို   ခံစားနေရသည်။ အပူချိန်မှာ ၄၅ ဒီဂရီဆဲလ်စီးယက်အထိ မြင့်တက်နေသည်။ 
ဝါရှင်တန်နှင့် အော်ရီဂွန် ပြည်နယ်ကယ်လီဖိုးနီးယား ပြည်နယ် တစ်စိတ်တစ်ပိုင်းနှင့် နီဗာဒါးတို့တွင် အပူချိန်ပိုမို ပြင်းထန်စွာခံစားရမည်ဟု အမျိုးသားမိုးလေဝသဌာနက ကြေညာထားသည်။ 
 ပစိဖိတ်အနောက်မြောက်ဘက်ခြမ်းတွင် နေထိုင်ကြသူ များမှာ   သင့်လျော်သည့်   အပူချိန်တွင်   နေထိုင်ရသည်။ မိုးခေါင်မှုကြောင့် ဟူဗာဆယ်အတွင်း အနိမ့်ဆုံးရေအမှတ်သို့ ကျဆင်းသွားပြီး သန်းနှင့်ချီသော လူများမှာ သောက်ရေနှင့် လျှပ်စစ်အတွက် မိဒ်ရေကန်ကို မှီခိုအားထားနေရသည်။ 
မိုးခေါင်မှုမှတစ်ဆင့် တောမီးလောင်သည်အထိ ဖြစ်သွား မည်ကို ကယ်လီဖိုးနီးယားဒေသခံများက ကြောက်ရွံနေကြရ သည်။ 
ပြီးခဲ့သည့်နှစ်အတွင်းကလည်း     ကယ်လီဖိုးနီးယား ပြည်သူများသည် အဆိုးရွားဆုံးသော တောမီးနှင့်  ရင်ဆိုင်ခဲ့ ရသည်။ 
အင်န်အိတ်ချ်ကေ