အမေရိကန်ဒီမိုကရက်တစ် သမ္မတလောင်း ကာမလာဟားရစ်နှင့် ဒုသမ္မတလောင်းတို့ အရေးကြီးဆုံးပြည်နယ်တစ်ခုတွင် ပူးတွဲ မဲဆွယ်စည်းရုံး

 

ဝါရှင်တန်    သြဂုတ်     ၇


အမေရိကန်ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာ ဟားရစ်နှင့် ၎င်း၏ ဒုသမ္မတလောင်း တင်မ်ဝေါ့လ်စ် တို့သည် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် အကြိတ် အနယ်ပြည်နယ်တစ်ခုဖြစ်သည့် ဖီလာဒယ်ဖီးယား ပြည်နယ်၌ မဲဆွယ်စည်းရုံးပွဲ တစ်ခုကို အင်္ဂါနေ့က  စတင်ခဲ့သည်။
ထောက်ခံသူ     ရာပေါင်းများစွာ      တမ်ပါယ် တက္ကသိုလ် လိုင်ယာကိုးရက်စ်စင်တာ အပြင်ဘက် တွင် တန်းစီစောင့်ဆိုင်းနေကြသည်။ အဆိုပါနေရာ သည် လူ ၁၀၀၀၀ ခန့် ဝင်ဆံ့နိုင်သော်လည်း ထိုနေ့ က ဘေးဘီဝဲယာတစ်ခွင်၌ပါ ထောက်ခံသူများဖြင့်  ပြည့်ကျပ်လျက်ရှိသည်။
ကာမလာဟားရစ်သည် မင်နီဆိုးတားပြည်နယ်  အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့လ်စ်ကို ၎င်း၏ ရွေးကောက်ပွဲ မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့သည်။  ယခုမဲဆွယ်စည်းရုံး မှုသည်    ပြိုင်ဘက်ဒေါ်နယ်ထရမ့်ကို     အနိုင်ယူဖို့ အတွက်သာမက     အနာဂတ်တိုက်ပွဲ    တစ်ခုလည်း ဖြစ်ကြောင်း ဟားရစ်က ပြောကြားခဲ့သည်။
ဟားရစ်နှင့် ဝေါ့လ်စ်တို့ လက်ချင်းချိတ်ပြီး စင်မြင့် ပေါ်မှ  လက်ဝှေ့ယမ်းနှုတ်ဆက်သည့်အခါ   ထောက်ခံ သူများက   ဂုဏ်ပြုဟစ်ကြွေးခဲ့သည်။   ဟားရစ်ကို အမေရိကန်နိုင်ငံ၏ နောက်ဖြစ်လာမည့် သမ္မတဖြစ် အောင် ကူညီပေးနိုင်သည်ထက် ဂုဏ်ယူစရာကောင်း သည့်အချက် မရှိဟု မစ္စတာ ဝေါ့လ်စ်က ပြောကြား ခဲ့သည်။                         

အင်န်အိတ်ချ်ကေ