
ကေကေစိုး
အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များအားလုံး မဆုတ်ခွာမီ တပ်ဖွဲ့ဝင် ၂၅၀၀ ကို ဆက်လက်ထားရှိ ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ထံ အကြံပြုခဲ့ကြ သည်ဟု အမေရိကန်ထိပ်တန်း ဗိုလ်ချုပ်များက စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။
အကြံပြုခဲ့ကြ
တာလီဘန်များက အယ်ကိုင်ဒါများနှင့် အဆက် အစပ်ရှိမည်ကိုလည်း စိုးရိမ်မိသည်ဟု ၎င်းတို့က ပြောကြားခဲ့ကြသည်။ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်မာ့ခ်မေလ်လီနှင့် အမေရိကန် ဗဟိုကွပ်ကဲ ရေးမှူး ဗိုလ်ချုပ်ကန်နက်မက်ကန်ဇီတို့က အာဖဂန် မြေပြင်တွင် တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ကို ဆက်လက် ထားရှိရန်အတွက် ပုဂ္ဂိုလ်ရေးရာအရ အကြံပြုခဲ့သည် ဟုပြောသည်။
လွှတ်တော်တွင် မေးမြန်းခံရ
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဧပြီလ အတွင်းက အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များကို ဩဂုတ် ၃၁ ရက်တွင် အပြီး ရုပ်သိမ်းရန်အတွက် အမိန့်ပေးခဲ့သည်။ အမေရိကန် သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့် တာလီဘန်တို့ သဘောတူညီမှုရရှိပြီးနောက် ယင်းသို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မေလ်လီ၊ မက်ကန်ဇီနှင့် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်တို့သည် အမေရိကန်တပ် များ အာဖဂန်နစ္စတန်မှ ရုပ်သိမ်းရေးနှင့် ကဘူးလ် လေဆိပ်မှ ဖရိုဖရဲ ကယ်ဆယ်ရေးလုပ်ငန်းများ အတွက် အထက်လွှတ်တော် ကော်မတီအဖွဲ့ဝင် များရှေ့မှောက်တွင် ၆ နာရီကြာ မေးမြန်းခံခဲ့ရသည်။
အံ့အားသင့်ခဲ့ရ
တာလီဘန်များသည် ဩဂုတ်လအတွင်း အာဏာပြန်လည်ရရှိသွားသည်။ တိုင်းပြည်ကို လျင်လျင်မြန်မြန် သိမ်းယူပြီးနောက် ထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်သည်။ အာဖဂန်အစိုးရအဖွဲ့ လျင်လျင် မြန်မြန်ပြိုလဲသွားသောကြောင့် အမေရိကန်အနေဖြင့် အံ့အားသင့်ခဲ့ရကြောင်း ဗိုလ်ချုပ်မေလ်လီက ပြောသည်။ အမေရိကန် ဗိုလ်ချုပ်ကြီးနှစ်ဦးမှာ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့်အတူ လွှတ်တော်တွင် စက်တင်ဘာ ၂၈ ရက်က မေးမြန်း ခံခဲ့ရခြင်းဖြစ်သည်။ ကဘူးလ်မြို့လေဆိပ်မှ ဆုတ်ခွာရာတွင် ဖရိုဖရဲဖြစ်မှုများ၊ ထောင်နှင့်ချီသည့် အာဖဂန်များက ၎င်းတို့ကို ကယ်ဆယ်ပေးရန် တောင်းဆိုမှုများနှင့် အင်အားကြီးနိုင်ငံများက ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူရေး လုပ်ဆောင်မှုများ ပြီးနောက် သီတင်းပတ် အနည်း ငယ်အကြာတွင် ယခုလို ကြားနာမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သဘောထားကွဲလွဲသည့်အကြုံပြုချက်များ ရရှိခဲ့သည်ဟုဆို
အာဖဂန်မြေမှ ထွက်ခွာရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း အသေခံဗုံးကွဲမှုကြောင့် လူပေါင်း ၁၈၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဩဂုတ် ၂၆ ရက် လေဆိပ်ဂိတ်တွင် တိုက်ခိုက်မှုကြောင့် အာဖဂန် ၁၆၉ ဦး သေဆုံးခဲ့ပြီး အမေရိကန် ၁၃ ဦး သေဆုံးခဲ့ရသည်။ အာဖဂန်နစ္စတန်တွင် ပြုမူ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်နှင့် သဘောထားကွဲလွဲသည့် အကြုံပြု ချက်များရရှိခဲ့သည်ဟု အိမ်ဖြူတော် သတင်း ထုတ်ပြန်ရေး ဂျန်ပစာကီက ပြောသည်။ အယ်ကိုင်ဒါ များက ၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် နယူး ယောက်နှင့် ဝါရှင်တန်တို့ကို တိုက်ခိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန်ကို ကျူးကျော်မှုများ ပြုလုပ်ခဲ့သည်။
ယုံကြည်မှုပုံရိပ်ကို ပျက်စီးစေခဲ့
ရီပတ်ဘလစ်ကန် လွှတ်တော် အမတ်များက မေလ်လီကို ရာထူးမှ နုတ်ထွက်ရန်အတွက် တောင်းဆိုခဲ့ကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ တွင် အစီ အစဉ်မကျနဘဲ ဖရိုဖရဲဖြစ်မှုများအတွက် မေးခွန်းထုတ်ခံရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ အတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးမှာ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ အမေရိကန်၏ ယုံကြည်မှုပုံရိပ်ကို ပျက်စီးစေခဲ့သည်။
အကာအကွယ်ပေးရမည်
တာလီဘန်များသည် အကြမ်းဖက်အုပ်စုများ နှင့် အဆက်အဆံရှိပြီး အယ်ကိုင်ဒါများနှင့် ဆက်ဆံ ရေးကို မချိုးဖျက်သေးဟု မေလ်လီက ပြောသည်။ အယ်ကိုင်ဒါများသည် ၉/၁၁ တိုက်ခိုက်မှုကို စီစဉ် ခဲ့ကြသူများဖြစ်သည်။ တာလီဘန်များအနေဖြင့် အာဏာကို ဆုပ်ကိုင်မထားနိုင်ဘဲ နောက်ထပ် ပြည်တွင်းစစ်တစ်ခုအတွင်းသို့ ကျရောက်မည်လား ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။ အာဖဂန်နစ္စတန်မှ အကြမ်းဖက်တိုက်ခိုက်ရေးသမားများ ထွက်ပေါ်လာ ပြီး အမေရိကန်ပြည်သူများကို တိုက်ခိုက်ခံရမည့် အရေးမှ ကာကွယ်ပေးရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
သဘောပေါက်ခြင်းမရှိခဲ့
အယ်ကိုင်ဒါများ ပြန်လည်ကြီးစိုးလာခြင်းနှင့် အမေရိကန်ကိုတိုက်ခိုက်ရန် ဖြစ်နိုင်ခြေများသည် နောင်အနာဂတ်တွင် ဖြစ်မလာနိုင်ဟု မပြော နိုင်ကြောင်း၊ ၎င်းတို့၏စွမ်းဆောင်ရည်ကို အကဲ ဖြတ်ရန်စောလွန်းနေသေးကြောင်း ၎င်းက ဆက်ပြော သည်။ အာဖဂန်လက်နက်ကိုင်တပ်ဖွဲ့၏ ဦးဆောင်မှု စွမ်းရည်နည်းပါးခြင်းနှင့် အကျင့်ပျက်ခြစားမှု အတိမ်အနက်ကို အမေရိကန်ပြည်ထောင်စုက ကောင်းစွာနားလည် သဘောပေါက်ခြင်းမရှိခဲ့ဟု အော်စတင်က ပြောသည်။ အမေရိကန်နှင့် မဟာမိတ်များသည် အာဖဂန်တပ်ဖွဲ့ကို ကောင်းစွာ လေ့ကျင့်ပေးခဲ့ကြကြောင်း ကိစ္စရပ်များစွာတွင် အံ့အားသင့်စရာများနှင့် ကြုံတွေ့ခဲ့သည်ဟုလည်း ပင်တဂွန်အကြီးအကဲက ပြောသည်။
ထောက်ပံ့ပေးနိုင်ခဲ့ခြင်းမရှိ
အမေရိကန်ပြည်ထောင်စုသည် အာဖဂန်တပ်ဖွဲ့ ကို ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့သည်။ လက်နက် ကိရိယာများနှင့် လေယာဉ်များ ကျွမ်းကျင်နိုင်နင်းမှု ရှိအောင် သင်ကြားပေးခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ၎င်းတို့အနိုင်ရရှိအောင်ထောက်ပံ့ပေးနိုင်ခဲ့ခြင်းမရှိဟု အော်စတင်ကပြောသည်။
ဘီလီယံနှင့်ချီသုံးစွဲခဲ့
အမေရိကန်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်သို့ ၂၀၀၁ ခုနှစ်နှောင်းပိုင်းတွင် ဝင်ရောက်ခဲ့ကြသည်။ ၉/ ၁၁ တိုက်ခိုက်မှုအပြီး ဝင်ရောက်ခဲ့ကြခြင်းဖြစ် သည်။ ထိုအချိန်မှစတင်၍ ၎င်းတို့ ထွက်ခွာသွားခဲ့ ကြသည့်အချိန်အထိ အမေရိကန်ဒေါ်လာ ၉၈၅ ဘီလီယံ အကုန်ကျခံ သုံးစွဲခဲ့ကြသည်။ တပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ချထားခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် တပ်ဖွဲ့ဝင် ၁၁၀၀၀၀ အထိ ထားရှိခဲ့သည်။
ခေါ်ထုတ်နိုင်ခဲ့
ကဘူးလ်မြို့ တာလီဘန်များလက်ထဲသို့ ကျရောက်ပြီး သီတင်းပတ်များအတွင်း အမေရိကန် တပ်များ ဩဂုတ် ၃၁ ရက် နောက်ဆုံးထား၍ ဆုတ်ခွာမှုများ ပြုလုပ်ခဲ့ရာ ကျန်ရှိနေသည့် တပ်ဖွဲ့ ဝင်အင်အား ၄၀၀၀ ကို ခေါ်ထုတ်နိုင်ခဲ့သည်။ အာဖဂန်ဒုက္ခသည် ၅၀၀၀၀ ကိုလည်း ကဘူးလ်မြို့ လေဆိပ်မှ ခေါ်ဆောင်နိုင်ခဲ့သည်။ တာလီဘန်များ အာဖဂန်နစ္စတန်ကိုသိမ်းယူပြီးနောက် လေဆိပ်တွင် လူများ စုပြုံတိုးလာခဲ့ရာ လူအုပ်ကြားထဲတွင် လူ ၂၀ အသက်ဆုံးရှုံးခဲ့ရသည်။ ။
ကိုးကား- အေအက်ဖ်ပီ