
ရန်ကုန် မတ် ၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့်အတူ မတ် ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့ရှိ အမေရိကန် ကြက်ခြေနီအသင်းရုံးချုပ်တွင် အမေရိကန် ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စား လက်ခံရယူခဲ့သည်။
အဆိုပါဆုကို လက်ခံရရှိခဲ့ခြင်းမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းတွင် လူမှုကရုဏာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများ နှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ လူသား ဂုဏ်သိက္ခာ တန်ဖိုးထားနိုင်မှု၊ လေးစားမှု၊ စိတ်ပိုင်းနှင့်် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှုနှင့် ကူညီ ဆောင်ရွက်ပေးခဲ့မှုများကြောင့် အမေရိကန်ကြက်ခြေနီ အသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ပေးအပ် သည့်ဆုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်