အမေရိကန်များနှင့် အာဖဂန်မိတ်ဆွေများကို ကယ်ထုတ်ရန် အချိန်ကန့်သတ်ချက်မလိုကြောင်း ဘလင်ကန်ပြော

 

ဝါရှင်တန်   သြဂုတ်   ၂၆ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင် ကန်က အမေရိကန်များနှင့် အာဖဂန်မိတ်ဆွေများကို အာဖဂန်မှထွက်ခွာရာ၌ ကူညီပေးရန်   အားထုတ် ကြိုးပမ်းမှုများကို သြဂုတ် ၃၁ ရက်နောက်ပိုင်းတွင် လည်း  ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန် နိုင်ငံအနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို   အာဖဂန် နစ္စတန်မှ သြဂုတ်လကုန်အဆုံးသတ်ပြီး ဆုတ်ခွာရန် ရည်ရွယ်ထားကြောင်း  ပြောကြားပြီး   တစ်ရက် အကြာတွင် ဘလင်ကန်သည် လတ်တလောဖြစ်ပေါ် နေသော အခြေအနေအရပ်ရပ်နှင့်ပတ်သက်ပြီး ရှင်းပြ ရန် သြဂုတ် ၂၅ ရက်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ 


ဘလင်ကန်က ကျန်ရှိခဲ့သော အမေရိကန်နိုင်ငံ သားများနှင့် အမေရိကန်တပ်ဖွဲ့များနှင့်   နှစ်ပေါင်း များစွာကြာအောင် လက်တွဲခဲ့သော အာဖဂန်မိတ်ဆွေ များကို ကူညီရန်နှင့် အမေရိကန်၏ လုပ်ဆောင်မှုတွင် အချိန်ကန့်သတ်ချက်မရှိကြောင်း ပြောကြားခဲ့သည်။ 


သြဂုတ် ၁၄ ရက်အထိ အာဖဂန်မှထွက်ခွာချင် သော အမေရိကန်နိုင်ငံသား ၆၀၀၀ ခန့်ရှိကြောင်း ၎င်းတို့အနက် လွန်ခဲ့သော ၁၀ ရက်က အမေရိကန် နိုင်ငံသား   ၄၅၀၀  ခန့်ကို    အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဘလင်ကန်က ပြောသည်။ ထို့အပြင် နောက်ထပ် အယောက် ၅၀၀ နှင့်လည်း အဆက်အသွယ်ရရှိပြီး ဘယ်လိုမျိုးထွက်ခွာရမလဲ ဆိုပြီး လမ်းညွှန်မှာကြားမှုများ   ဆောင်ရွက်ပေးခဲ့ ကြောင်း၊ ကျန်ရှိနေသော   အမေရိကန်နိုင်ငံသား ၁၀၀၀ နှင့်   အဆက်အသွယ်ရရှိရန်  ဆောင်ရွက် လျက်ရှိကြောင်း ဘလင်ကန်က ဖြည့်စွက်ပြောကြား ခဲ့သည်။ 


နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ဂျီ-၇ ခေါင်းဆောင် များသည် သြဂုတ် ၃၁  ရက် နောက်ဆုံးကန့်သတ် လိုက်သည့်အပေါ် စိုးရိမ်မှုများဖော်ပြခဲ့သည်။ အဆိုပါ နေ့မတိုင်မီ ၎င်းတို့နိုင်ငံသားများကို အာဖဂန်နစ္စတန် နိုင်ငံမှ မကယ်ထုတ်နိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။


ဘလင်ကန်၏ သြဂုတ် ၂၅   ရက်  သတင်းစာ ရှင်းလင်းပွဲက    အဆိုပါစိုးရိမ်မှုသံသယများကို ပြေပျောက်စေရန် သိသိသာသာရည်ရွယ်ခဲ့သည်။ 
ဘလင်ကန်က အမေရိကန်နိုင်ငံသည်   အာဖဂန် ပြည်သူများအပေါ်မှန်ကန်သော အခြေခံအခွင့်အရေး များကို မကျင့်သုံးပါက အနာဂတ်အစိုးရကို သီးသန့် ဖယ်ထားရန် သင့်တော်သော လုပ်ဆောင်ချက်မှန် သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက် သည်။                                    

အင်န်အိတ်ချ်ကေ