အမေရိကန်၌ ကိုဗစ် -၁၉ ဆေးစစ်ကိရိယာများ ပြတ်တောက်မှု အမေရိကန် သတင်းနှင့် ကမ္ဘာ့သတင်းများတွင် ဖော်ပြ

 

ဝါရှင်တန်   ဒီဇင်ဘာ   ၃၁


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပြည်တွင်း၌ ကိုဗစ်-၁၉ ဆေးစစ်ကိရိယာများ ပြတ်တောက်မှုဖြစ်ပေါ် နေသည်ကို သိရှိပြီးဖြစ်ကြောင်း အမေရိကန် သတင်းနှင့် ကမ္ဘာ့သတင်းများတွင် ဖော်ပြကြသည်။  

 


ဆေးစစ်ကိရိယာများမှာ လုံလောက်မှုမရှိဟု အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်က ပြောသည်။ အားလပ်ရက် ခရီးသွားရာသီကာလ အိုမီခရွန် ကူးစက်မှုပြန့်ပွားနေသည့်ကာလနှင့်လည်း ကြုံကြိုက်နေရာ အမေရိကန်၌ ဆေးစစ်ကိရိယာ လိုအပ်ချက်မြင့်မားလျက်ရှိပြီး  စတိုးဆိုင်များတွင် အိမ်တွင်းဆေးစစ်နိုင်သည့် ကိရိယာများ ပြတ်တောက်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 


သို့သော်လည်း   ဆေးစစ်မှုပြဿနာမှာ နိုင်ငံအတွင်း အဓိကပြဿနာတစ်ခုတော့ မဟုတ်ပေ။ အမေရိကန် ၌  ဒယ်လ်တာဗိုင်းရပ်စ်  ကူးစက်ပျံ့နှံ့စဉ်ကလည်း   ကျွမ်းကျင်ပညာရှင်များက   ဆေးစစ်ကိရိယာများ ပြတ်တောက်မှုအတွက် ကျယ်ကျယ်လောင်လောင်အသံများ ထွက်ပေါ်ခဲ့သည်။ 

ဆင်ဟွာ