
ဝါရှင်တန် စက်တင်ဘာ ၂၆
အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်၌ ရထားတစ်စင်း ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး သုံးဦး သေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း ယနေ့သတင်းများအရ သိရသည်။
ချီကာဂိုမြို့မှ ထွက်ခွာလာသည့် Amtrak ခရီးသည်တင်ရထားသည် ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ဂျော်လင်းမြို့အနီး၌ ပြေးလမ်းချော် သွားခဲ့သည်။ အဆိုပါရထားပေါ်တွင် ခရီးသည် ၁၆၀ နှင့် ရထားဝန်ထမ်းများ စီးနင်းလိုက်ပါလာခဲ့သည်။
အဆိုပါရထား ပြေးလမ်းချော်မှုကြောင့် သုံးဦး အနည်းဆုံးသေဆုံးပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာများက သတင်း ဖော်ပြသည်။
အဆိုပါရထားတွင် မီးရထားစက်ခေါင်းနှစ်ခုနှင့် အတွဲ ၁၀ တွဲတပ်ဆင်ထားသည်။ ယင်းအတွဲ ၁၀ တွဲအနက် ရှစ်တွဲပြေးလမ်းချော်ခဲ့ကြောင်း သိရ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်