အမေရိကန်နိုင်ငံက ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအား ယာယီပိတ်သိမ်းကြောင်း ကြေညာ

ဝါရှင်တန်   ဩဂုတ်   ၃၁


အမေရိကန်နိုင်ငံသည်      အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်သံရုံးအား ယာယီပိတ်သိမ်းလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် က ယမန်နေ့တွင် ကြေညာသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် များအားလုံးကို     ရုပ်သိမ်းခဲ့ပြီးနောက်     ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးဝန်ထမ်းများကိုလည်း ကာတာနိုင်ငံ ဒိုဟာမြို့သို့ ပြန်လည်နေရာချထားခဲ့ကြောင်း ယမန် နေ့တွင်  ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး    ဘလင်ကန်က အတည်ပြုပြောကြားသည်။


ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆောင်ရွက် နေသည့်  အမေရိကန်နိုင်ငံ၏  စစ်ရေးမစ်ရှင်သည် လည်း    ပြီးဆုံးခဲ့ပြီးဖြစ်ကြောင်း    ဘလင်ကန်က ထပ်လောင်းပြောကြားသည်။ အမေရိကန်နိုင်ငံသား များနှင့် ဒေသတွင်းလုပ်ဖော်ကိုင်ဖက် ၂၀၀ ကျော် သည် အာဖဂန်နစ္စတန်နိုင်ငံ၌ ကျန်ရှိနေသေးကြောင်း ဘလင်ကန်က ပြောကြားသည်။


အမေရိကန်နိုင်ငံအနေဖြင့်   အာဖဂန်နစ္စတန် နိုင်ငံ၌  ပိတ်မိနေသည့်  အမေရိကန်နိုင်ငံသားများနှင့် အခြားသူများကို  ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးရေး ဆက်လက်ဆောင်ရွက်သွားမည်  ဖြစ်ကြောင်းနှင့် အမျိုးသမီးများ၏   အခွင့်အရေးကိုလည်း   အကာ အကွယ်ပေးသွားမည်ဖြစ်ကြောင်း       အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က      ထုတ်ဖော် ပြောကြားသည်။      

   ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်