
ဝါရှင်တန် အောက်တိုဘာ ၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်တို့သည် ခပ်တန်းတန်းဖြစ်နေသည့်နှစ်နိုင်ငံဆက်ဆံရေးနှင့် အင်ဒိုပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် တွေ့ဆုံခဲ့သည်။
ဘလင်ကန်သည် မက်ခရွန်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျန်ယူဗက်လီဒရီယန်နှင့် ပါရီတွင် အောက်တို ဘာ ၅ ရက်က သီးခြားတွေ့ဆုံခဲ့သည်။
အမေရိကန်နိုင်ငံနှင့် ပြင်သစ်တို့ သြစတြေးလျ နိုင်ငံနှင့် အဓိကရေငုပ်သင်္ဘော သဘောတူစာချုပ်ကိစ္စ မကျေမလည်ဖြစ်ပြီးနောက် လွန်ခဲ့သောလက နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ ကင်ဘာရာ သည် အော့ကတ်စ်ဟုခေါ်သော သုံးဖက်သုံးသွယ် လုံခြုံရေးမိတ်ဖက်အဖွဲ့သစ်အောက်တွင် အမေရိကန် နှင့် အင်္ဂလန်တို့၏ နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကို ရွေးချယ်ခဲ့သည်။
ပြင်သစ်သမ္မတရုံးက အဆိုပါဆွေးနွေးမှုသည် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
နှစ်ဖက်အပြန်အလှန် အင်ဒိုပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြင်သစ်သည် အော့ကတ်စ်တွင် မပါဝင်သော် လည်း ပင်လယ်ရပ်ခြား အချုပ်အခြာပိုင်ဆိုင်မှုနှင့် ဆက်စပ်လျက်ရှိသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် မက်ခရွန် တို့သည် အဆိုပါကိစ္စရပ်ကို ယခုလနှောင်းပိုင်းတွင် ဥရောပ၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။
အင်န်အိတ်ချ်ကေ