အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၉၄ ဒသမ ၇ သန်းနီးပါးအသုံးပြုပြီးဖြစ်

ဝါရှင်တန်     အောက်တိုဘာ    ၃


အမေရိကန်နိုင်ငံ၌        ယမန်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ရောဂါကာကွယ်ဆေးအလုံး ရေ    ၃၉၄၆၉၀၂၈၃   လုံးအထိ  အသုံးပြုပြီး ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉  ရောဂါ ကာကွယ် ဆေးအလုံးရေ ၄၇၈၃၆၂၀၄၅ လုံးအား နိုင်ငံ အတွင်း ဖြန့်ချိထားပြီးဖြစ်ကြောင်း အမေရိကန်  ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ က ပြောကြားသည်။


အမေရိကန်    ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏  ပြောကြားချက်အရ အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်        ထိုးနှံပြီးသူစုစုပေါင်း ၂၁၄၈၇၀၆၉၆ ဦးရှိကြောင်းနှင့် ကာကွယ်ဆေး   နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၁၈၅၁၄၃၆၉၈ ဦးရှိကြောင်း  သိရသည်။


အမေရိကန်နိုင်ငံသည်   တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်  ဆုံးဖြတ်ခဲ့သည့် ဩဂုတ် ၁၃ ရက် နောက်ပိုင်းမှ စတင်ကာ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှင့်   Moderna    ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးတို့ကို အပိုဆောင်းထိုးနှံပေးခဲ့ရာ  လက်ရှိတွင် ပြည်သူ ၄ ဒသမ ၇၄ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။


အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကူးစက်ခံရသူစုစုပေါင်း ၄၄ ဒသမ ၄၉ သန်း ကျော်ရှိကြောင်း၊ သေဆုံးသူစုစုပေါင်း ခုနစ် သိန်းကျော်ရှိကြောင်းနှင့်  ပြန်လည်ကျန်းမာ လာသူစုစုပေါင်း  ၃၃ ဒသမ ၉ သန်းကျော် ရှိကြောင်း သိရသည်။  


ကိုးကား- စီအင်န်အေ
 ဘာသာပြန်- အလင်းသစ်