အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၄၁၃ သန်းနီးပါး ထိုးနှံပေးပြီးဖြစ်

ဝါရှင်တန် အောက်တိုဘာ ၂၄


အမေရိကန်နိုင်ငံ၌    ယမန်နေ့နံနက်ပိုင်း အထိ    နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်အောက် တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး အလုံးရေ ၄၁၃ သန်းနီးပါး ထိုးနှံပေးပြီးဖြစ် ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၅၀၃၅၂၁၆၂၅ လုံး       ဖြန့်ဝေထားပြီးဖြစ်ကြောင်း အမေရိကန်      ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက      ပြောကြား သည်။


အမေရိကန်    ရောဂါထိန်းချုပ်ရေး နှင့်     ကာကွယ်ရေးစင်တာ၏   ပြောကြား ချက်အရ    အမေရိကန်နိုင်ငံ၌   ပြည်သူ ၂၂၀၁၄၅၇၉၆ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်    ထိုးနှံပြီးဖြစ် ကြောင်းနှင့် ၁၉၀၄၀၂၂၆၂ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ ပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌        Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါ      ကာကွယ်ဆေးနှင့် Johnson & Johnson ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အသုံးပြုခဲ့ကြောင်း သိရသည်။


အမေရိကန်နိုင်ငံ၌      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံရန် အတည်ပြုခဲ့သည့် ဩဂုတ် ၁၃ ရက်မှစတင်ကာ      လက်ရှိ အချိန်အထိ ပြည်သူ ၁၃ သန်းခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ်     အပိုဆောင်းထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။ 

ကိုးကား - စီအင်န်အေ
 ဘာသာပြန် - အလင်းသစ်