
ဝါရှင်တန် အောက်တိုဘာ ၁၈
အမေရိကန်နိုင်ငံ၌ ယမန်နေ့နံနက်ပိုင်းအထိ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၄၀၈၂၆၅၉၅၉ လုံးအထိ အသုံးပြုပြီးဖြစ်ကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြား သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၌ ပြည်သူ ၂၁၈၈၀၅၅၇၉ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ၁၈၉၁၄၁၄၈၁ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Johnson & Johnson ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အသုံးပြုခဲ့ ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုကို ဩဂုတ် ၁၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ပြည်သူ ၁၀ ဒသမ ၅ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အလင်းသစ်