
ဝါရှင်တန် ဒီဇင်ဘာ ၁၄
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း သန်း ၅၀ ကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့စ်ကင်းတက္ကသိုလ်မှ ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
အမေရိကန်နိုင်ငံ၌ ဒီဇင်ဘာ ၁၃ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၂ မိနစ်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၀၀၀၉၅၀၇ ဦး ရှိကြောင်းနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၇၉၇၉၁၆ ဦးရှိကြောင်း သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၆၉၃၄၈ ဦးဖြင့် ပြည်နယ် အဆင့်ကူးစက်မှု အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် တက္ကဆက်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၄၃၉၄၇၇၂ ဦးဖြင့် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်သည်။ ထို့နောက် ဖလော်ရီဒါပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၅၄၀၄၂ ဦး၊ နယူးယောက်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၈၅၄၀၅၇ ဦးနှင့် အီလီနွိုက်စ်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၉ သန်း ကျော် အသီးသီးရှိကြောင်း သိရသည်။
အခြားသောပြည်နယ်များဖြစ်သည့် ပင်ဆယ် ဗေးနီးယား၊ အိုဟိုင်းအိုး၊ ဂျော်ဂျီယာ၊ မီချီဂန်၊ မြောက် ကာရိုလိုင်းနား၊ တန်နက်ဆီ၊ အရီဇိုးနားနှင့် နယူးဂျာစီ စသည့်ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၁ ဒသမ ၂ သန်းကျော်စီရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ သန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် သန်း ၂၀၊ မတ် ၂၄ ရက်တွင် သန်း ၃၀ နှင့် စက်တင်ဘာ ၆ ရက်တွင် သန်း ၄၀ အသီးသီးရောက်ရှိခဲ့ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ သန်း ၅၀ ကျော်လာခြင်းဖြစ် ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်