အမေရိကန်နိုင်ငံ၌ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ၇၀ ရာခိုင်နှုန်းကျော် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများ ဖြစ်ဖွယ်ရှိ

ဝါရှင်တန်   ဒီဇင်ဘာ   ၂၁


အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အနက် ၇၀ ရာခိုင်နှုန်းကျော်သည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများ     ဖြစ်ဖွယ်ရှိကြောင်း အမေရိကန်ကျန်းမာရေးအာဏာပိုင်များက ပြောကြား သည်။


အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာ၏ ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ အနက် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်သည် ၇၃ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။


လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း  ၅၂၀၅၉၆၆၇  ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၈၂၈၈၃၆ ဦးရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသူပေါင်း ၄၀၇၁၉၀၄၇ ဦးရှိကြောင်း သိရသည်။


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်