အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံ၏

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်

အသုံးပြုနိုင်ရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း

=========================================================

နေပြည်တော် အောက်တိုဘာ ၃၁

 

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီး ယားပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်လျက်ရှိကြ သည့် မြန်မာနိုင်ငံသားများနှင့် မြန်မာအသိုက်အဝန်း မိသားစုများက N95 Face Mask ၇၃၀၀၊ Surgical နှင့် Disposable Face Mask ၈၄,၀၀၀၊ Face Shield ၉,၁၀၀ နှင့် Disposable CPE Gown ၅၄၀ အပါအဝင် အခြား ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ ကြသည်။

အဆိုပါ မြန်မာအသိုက်အဝန်းမိသားစုများက လှူဒါန်း ခဲ့ကြသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်က လက်ခံရယူခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အစီအစဉ် ဖြင့် အောက်တိုဘာ ၂၅ ရက်တွင် ကာတာလေကြောင်းဖြင့် ပို့ဆောင်ခဲ့ရာ အောက်တိုဘာ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ချောမွေ့စွာ ရောက်ရှိခဲ့သည်။ အဆိုပါ လှူဒါန်းပစ္စည်းများ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံရယူခဲ့ကြောင်း သိရ သည်။ သတင်းစဉ်