အမေရိကန်ပြည်ထောင်စု၌ အိုမီခရွန် ကူးစက်ခံရသူ နှစ်ဦး ထပ်မံတွေ့ရှိ

 

ဝါရှင်တန် ဒီဇင်ဘာ ၃


ပြီးခဲ့သည့်လအတွင်း     နယူး ယောက်မြို့၌  ရုပ်ပြဇာတ်ကောင် များပွဲတော်သို့   တက်ရောက်ခဲ့ ကြသူများကို ကိုဗစ် -၁၉   ဆေး စစ်မှုခံယူရန် အမေရိကန် ကျန်းမာ ရေးအာဏာပိုင်များက တိုက်တွန်း ထားသည်။

 

ပွဲတက်ရောက်ခဲ့သူ တစ်ဦး မှာ အိုမီခရွန်ကူးစက်ခံရသည်ဟု သိရှိပြီးနောက် ယခုလို  အကြံပြု ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ အမျိုးသားလူနာတစ်ဦးမှာ နယူး ယောက်မြို့၌  နိုဝင်ဘာ  ၁၉  ရက် မှ  ၂၁  ရက်  အထိကျင်းပသော ရုပ်ပြဇာတ်ကောင်များ  ပွဲတော် သို့ တက်ရောက်ပြီးသည့်နောက် အနောက်အလယ် ပိုင်းပြည်နယ်မှ နေအိမ်သို့    ပြန်လာခဲ့ခြင်းဖြစ် သည်ဟု ပြောသည်။

 


အပျော့စား  လက္ခဏာများ တွေ့ရှိပြီးနောက်  နိုဝင်ဘာ  ၂၄ ရက်တွင် ကိုဗစ် -၁၉  ကူးစက်ခံ ထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ ခြင်းဖြစ်သည်။

 


နယူးယောက် အုပ်ချုပ်ရေး မှူး ကတ်သီ ဟိုကော်က အဆိုပါ ပွဲသို့    တက်ရောက်ခဲ့ကြသူများ  ကိုဗစ်- ၁၉      ဆေးစစ်ကြရန် တိုက်တွန်းခဲ့သည်။     လူပေါင်း ၅၃၀၀၀    မှာ    အဆိုပါပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ ၎င်း၏   ပြည်နယ်အတွင်း အိုမီခရွန် ကူးစက်ခံရသူ ငါးဦး ထက်မနည်း  တွေ့ရှိရပြီး  အားလုံး မှာ အသေးစားလက္ခဏာများသာ ပြကြောင်း    ၎င်းက    ဆက်ပြော သည်။          

အင်န်အိတ်ချ်ကေ