
ဝါရှင်တန် နိုဝင်ဘာ ၄
အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန် အဟုန်မြှင့် လုပ်ဆောင်လျက်ရှိရာ အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များ စတင်ထိုးနှံပေးလျက်ရှိသည်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန (စီဒီစီ) က ဖိုက်ဇာ-ဘီရွန်တက်ခ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ထိုးပေးရန် ထောက်ခံအတည်ပြုချက် ပေးခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် သတ်မှတ်အသက် အရွယ်အုပ်စုအတွင်းရှိ ကလေးငယ်ပေါင်း ၂၈ သန်းကို သောကြာနေ့က ကိုဗစ်-၁၉ အရေးပေါ်ကာကွယ်ဆေး အသုံးပြုခွင့်ပေးခဲ့သော အမေရိကန်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ)၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း သိရသည်။
ကလေးများအတွက် ခွင့်ပြုပေးလိုက်သော ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ခါထိုးပမာဏသည် လူကြီးတစ်ခါထိုးပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း သိရပြီး သုံးပတ်ခွာပြီး နှစ်ကြိမ်ထိုးနှံပေးရမည် ဖြစ်ကြောင်း သိရသည်။
ဆေးပမာဏနည်းပါးခြင်းသည် ဘေးထွက် ဆိုးကျိုးနည်းပါးစေရန်အတွက် ဖြစ်သော်လည်း အစွမ်းထက်ထိရောက်မှုကို လျော့ပါးစေမည်မဟုတ် ဘဲ ခုခံမှုစွမ်းအားကို ပိုမိုကောင်းစေမည်ဖြစ်ကြောင်း ဖိုက်ဇာဆေးကုမ္ပဏီက ပြောသည်။
အမေရိကန်ပြည်ထောင်စုတွင် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးငယ်ပေါင်း ၁၇၂ ဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ပြီး ၈၃၀၀ ကျော် ဆေးရုံတက် ကုသခဲ့ရကြောင်း စီဒီစီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဆင်ဟွာ