အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက်အကူပြုပစ္စည်းများပေးအပ်

 

 

နေပြည်တော် ဩဂုတ် ၂၆

 

 

အမေရိကန်သံရုံးမှ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက်အကူပြု ပစ္စည်းများပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

 

အခမ်းအနားတွင် အမေရိကန် သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Ge-orge Sibley က Distance Learning Capacity အတွက် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ရသည့် ရည်ရွယ် ချက်နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယင်းအထောက်အကူပြု ပစ္စည်းများ သည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ Distance Learning Capacity ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ထိန်းချုပ် ကာလအတွင်း ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ လုပ်ငန်းများနှင့် ဥပဒေ အရာရှိများ အရည်အသွေး မြှင့်တင် ရေးအတွက် အလွန်အသုံးဝင်ပါ ကြောင်း၊ ယင်းပစ္စည်းများသည် ကိုဗစ်-၁၉ အလွန် ကာလတွင်လည်း ဥပဒေအရာရှိများ အရည်အသွေး မြှင့်တင်ရာတွင် အဝေးရောက် သင်ကြားရေးစနစ်ကို အထောက် အကူပြုပါကြောင်း၊ ဥပဒေအရာရှိ များ၏ အရည်အသွေး မြှင့်တင်ရေး တွင် နည်းပညာဆိုင်ရာ အထောက် အပံ့များသာမက ယခုကဲ့သို့ ရုပ်ပိုင်း ဆိုင်ရာ အထောက်အပံ့များအား အမေရိကန်သံရုံးမှ ထောက်ပံ့ပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါပစ္စည်းများကို နေပြည်တော် အပြင် တောင်ကြီး၊ လွိုင်ကော်၊ မကွေး၊ ဟားခါး၊ ဘားအံ၊ ထားဝယ်၊ စစ်တွေ စသောမြို့များရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်ရုံးများသို့ ထောက်ပံ့ ပေးအပ်သည့်အတွက် လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

 

အခမ်းအနားတွင် အမေရိကန် သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အမေရိကန်ဒေါ်လာ သုံးသောင်းခန့် တန်ဖိုးရှိ Distance Learning Capa-city အထောက်အပံ့ပစ္စည်း ရှစ်မျိုးကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေ ရိကန်သံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်