အမေရိကန်တွင် ကလေးများ၌ ကိုဗစ်-၁၉ ကူးစက်မှု များပြားလာသည့်အပြင် ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများလည်းရှိ

 

ကေကေစိုး

အမေရိကန်တွင်ကလေးများ၌ ကိုဗစ်-၁၉ ကူးစက်မှုများပြားလာပြီး ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူဦးရေမှာ အမေရိကန် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းရှိသည်။
ကာလရှည်ကြာနေရ 
 ထို့ပြင်  အပိုဆောင်းကာကွယ်ဆေးအဖြစ်   တတိယအကြိမ် ကာကွယ်ဆေးထိုးပေးခြင်းမှာလည်း အချက်အလက်များ ကင်းမဲ့မှု ကြောင့်  ကာလရှည်ကြာနေရသည်။   အမေရိကန်၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ၁၉ လတာ  ကြာမြင့်လာပြီဖြစ်သည်။ ဗိုင်းရပ်စ် နှင့်ပတ်သက်၍ ဗဟိုအစိုးရနှင့်  ပြည်နယ်အစိုးရတို့  ဖြေရှင်းမှုမှာ စမ်းတဝါးဝါးအခြေအနေဖြစ်နေပြီး လမ်းပြမြေပုံအတိုင်း အပြည့်အဝ ဆောင်ရွက်နိုင်ခြင်း မရှိသေးချေ။ 
ပိုမိုဖျားနာလာကြ
ကိုဗစ်-၁၉ ဒုတိယအကျော့ကာလတွင်  ကလေးများစာသင်ကျောင်း သို့ အစုလိုက်ပြန်လာနိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ ကူးစက်မြန် ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်ကြောင့် လူများပိုမိုဖျားနာလာကြသည်။ ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှုကာလအတွင်း လူများမှာစားသောက် ဆိုင်သို့သွားကြပြီး  မင်္ဂလာဆောင်များနှင့်   အခမ်းအနားပွဲကြီးများ တွင် ပါးစပ်၊ နှာခေါင်းစည်း  မတပ်ဆင်ဘဲသွားကြသည့်ပမာဏမှာ ယခင်နှစ်ကထက် ပို၍  များပြားသည်။  ကလေးများ  ဖျားနာခြင်း ပိုမိုဖြစ်ပွားလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
ကာကွယ်ဆေးထိုးရန်လို 
စာသင်ခန်းအတွင်း လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထား ပြီး ပါးစပ်၊ နှာခေါင်းစည်းဝတ်ဆင်ခြင်းဖြင့် ကလေးငယ်များကို ရောဂါ ကူးစက်မှုမှ အကာအကွယ်ပေးနိုင်သော်လည်း နောက်ထပ် ကူးစက် မှုများကိုလျှော့ချနိုင်ရေးအတွက် လူအများအပြား  ကာကွယ်ဆေး ထိုးရန် လိုအပ်သကဲ့သို့ အရွယ်ရောက်ပြီးသူများ ဗိုင်းရပ်စ်နှင့် ထိတွေ့မှု လျှော့ချနိုင်အောင်လုပ်ဆောင်ရန်    လိုအပ်သည်ဟု  ကျန်းမာရေး ဆိုင်ရာကျွမ်းကျင်သူများက  ပြောသည်။   ဆေးရုံများတွင်လည်း တုပ်ကွေးလူနာများနှင့် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် ဆေးရုံတက်ရသည့်လူနာများလည်း ရှိသည်။
ဆေးရုံတက်ရမှုနှုန်းမှာ တိုးလာ
ကိုဗစ် -၁၉ ကူးစက်မှုများမှာ  ဆက်လက်ဖြစ်ပွားနေပြီး ကလေး များတွင် ရောဂါကူးစက်ခံရမှုနှင့် ဆေးရုံတက်ရမှုနှုန်းမှာ   တိုးလာခဲ့ သည်။ ဆောင်းတွင်းကာလမှစတင်ကာ   အများဆုံးကူးစက်မှုပင် ဖြစ်သည်ဟု အမေရိကန် ကလေးအထူးကုဆရာဝန်များ အကယ်ဒမီ က ပြောသည်။ 
ကလေးများတွင် ကိုဗစ်-၁၉ ကူးစက်မှုများပြားလာပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကူးစက်မှုပေါင်း ၂၀၄၀၀၀ ခန့် ရှိသည်။ ဩဂုတ်လ နောက်ဆုံးပတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု၏ ၂၂ ဒသမ ၄ ရာခိုင်နှုန်း မှာ  ကလေးများတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု အမေရိကန်ကလေး အထူးကုဆရာဝန်များ အကယ်ဒမီက ပြောသည်။
စိတ်ပျက်လာကြ 
 ကူးစက်မှုများ များပြားလာခြင်းကြောင့် အမေရိကန်ဆေးရုံများ တွင် ၎င်းတို့ ဝန်ဆောင်မှုပေးနိုင်သည့်ပမာဏအတိုင်း မစွမ်းဆောင် နိုင်ပေ။ ဆေးရုံများတွင် သူနာပြုလိုအပ်ချက်  ပြဿနာများလည်း ရှိသည်။ သူနာပြုအများစုမှာ အလုပ်မှထွက်ခြင်း၊ ရောဂါကူးစက်မှုများ ကြောင့် စိတ်ဓာတ်ကျဆင်းခြင်းနှင့် အချို့မှာလည်း စွဲမက်ဖွယ်ကောင်း သည့်လစာကြောင့် အခြားနေရာများသို့ ရွှေ့ပြောင်းသွားခြင်းတို့ ဖြစ်လာ သည်ဟု အင်န်ဘီစီတွင် ဖော်ပြထားသည်။ သူနာပြုများမှာ  အဓိက ကျောရိုးဖြစ်ပြီး  အချိန်ပိုဆင်းခိုင်းမှုများ  များပြားလာခြင်းကြောင့် စိတ်ပျက်လာကြရသည်။
အသိအမှတ်ပြုမခံရ 
ထို့ပြင်ကာကွယ်ဆေးထိုးရန်ငြင်းဆန်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင်ရန် ငြင်းဆန်ကြသည့်လူများကြောင့်လည်း စိတ်ပျက်လာကြ သည်။ ထို့ပြင်  ရောဂါ ကူးစက်မှုကိုတိုက်ဖျက်ရင်း သူနာပြုများ သေဆုံး ရသည်ကို နေ့စဉ်မြင်တွေ့နေရသော်လည်း  အသိအမှတ်ပြုမခံရဟု အင်န်ဘီစီတွင် ဖော်ပြထားသည်။ ထိုစဉ် လစ်လပ်သည့်သူနာပြုများနေရာ တွင် အစားထိုးလုပ်ကိုင်ကြသည့် သူနာပြုများ၏ အကြမ်းဖျင်းလစာမှာ ကပ်ရောဂါမတိုင်မီကာလက တစ်ပတ်လျှင် ဒေါ်လာ ၁၀၀၀ မှ ၂၀၀၀ အထိသာရှိသော်လည်း ကပ်ရောဂါကာလအတွင်း ဒေါ်လာ  ၃၀၀၀ မှ ၅၀၀၀ အထိ မြင့်မားလာခဲ့သည်။ 
ဆန့်ကျင်နေကြဆဲဖြစ် 
ဒယ်လ်တာကူးစက်မှုများ  များပြားလာသော်လည်း  အချို့သော ပြည်နယ်များတွင် ကိုဗစ်  -၁၉  ကာကွယ်ဆေးထိုးနှံမှုခံယူရန် ဆန့်ကျင် နေကြဆဲဖြစ်သည်။ ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်ကြသည့် အရေအတွက်မှာ   လူဦးရေ၏   ၃၀ ရာခိုင်နှုန်းရှိသည်။   ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးလိုသည့်အဓိကအကြောင်းပြချက်မှာ ဘေးထွက် ဆိုးကျိုးများကို  ကြောက်သည့်အပြင်  ကာကွယ်ဆေးထုတ်လုပ်ရန် လက်တွေ့စမ်းသပ်မှုမှာ မြန်ဆန်လွန်းနေသည်ဟူသည့် အကြောင်း ပြချက်များကြောင့်ဖြစ်သည်ဟု ဖော့ဘ်မဂ္ဂဇင်းတွင် စက်တင်ဘာ ၂ ရက်က ဖော်ပြထားသည်။ 
ပမာဏလျှော့ချရန်ပြောထား 
 ကာကွယ်ဆေးကိုဆန့်ကျင်သည့်အုပ်စုများမှာ လူငယ်များနှင့်  ရီပတ်ဘလစ်ကန်များဖြစ်သည်ဟု Morning Consult  က ပြောသည်။ အသက် ၁၈နှစ်မှ ၃၄ နှစ်ကြား ကာကွယ်ဆေးထိုးရန် ဆန့်ကျင်သည့် အရေအတွက်မှာ ၂၄ ရာခိုင်နှုန်းရှိသည်။ ရီပတ်ဘလစ်ကန် အမျိုးသမီး များကြားတွင် ကာကွယ်ဆေးမထိုးလိုသည့်အရေအတွက်မှာ ၃၀ ရာခိုင်နှုန်းရှိသည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သတ်ပြီး ယခုသီတင်းပတ် အတွင်း အရေးကြီးသည့်သတင်းတစ်ခုမှာ ကျန်းမာရေးအရာရှိများ က ယခုလအတွင်း ပြည်သူများကို ကာကွယ်ဆေးထိုးပေးရန် အစီအစဉ် ကို ပမာဏလျှော့ချရန် အိမ်ဖြူတော်သို့ ပြောကြားထားသည်ဟု သိရ သည်။ 
အချိန်လိုအပ်သေး 
လိုအပ်သည့်အချက်အလက်များစုဆောင်းရန် အချိန်လိုအပ်သေး သည်ဟု ပြောသည်။ အမေရိကန်အစားအသောက်နှင့် ဆေးဝါးစီမံ ခန့်ခွဲမှုဌာနမှ ခေတ္တကော်မရှင်နာ ဂျက်နက်ဝုဒ်ကော့ကလည်း လာမည့် သီတင်းပတ်များအတွင်း ကိုဗစ် -၁၉ တတိယအကြိမ် ထိုးပေးခြင်းအား ထောက်ခံချက်ပေးရန် သင့်မသင့်ကို ဆုံးဖြတ်သွားမည်ဟု ပြောသည်။ 
တတိယအကြိမ် ကာကွယ်ဆေးထိုးပေးမည်ဟု ကြေညာ
ပြီးခဲ့သည့်သုံးပတ်ခန့်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် စက်တင်ဘာ ၂၀ ရက်မှစတင်ကာ တတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးမည်ဟု ကြေညာခဲ့သည်။ ပြီးခဲ့သည့် ရှစ်လတာ ကာလအတွင်း ဖိုက်ဇာ သို့မဟုတ် မော်ဒါနာကာကွယ်ဆေးထိုးပြီးသူ လူငယ်များကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး မည်ဟု ပြောကြားခဲ့သည်။ 
ကူးစက်ခံရသူမြင့်မားလာ 
အမေရိကန်ပြည်ထောင်စုတွင်  တစ်ပတ်အတွင်း ကိုဗစ် -၁၉ ကူးစက်ခံရသူအရေအတွက်မှာ ၁၆၄၃၂၆  ဦးရှိပြီး ၁၄  ရာခိုင်နှုန်း မြင့်မားလာခြင်းဖြစ်သည်။ စက်တင်ဘာ ၁ ရက်တွင်  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၁၅၂၁ ဦးရှိသည်။ 


ကိုးကား -ဆင်ဟွာ