
ကဘူးလ် စက်တင်ဘာ ၇
အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာပြီး နောက်တစ်ပတ်အကြာတွင် အမေရိကန်ပြည်ထောင်စု နှင့် တာလီဘန်တို့ကြား ဆက်ဆံရေးမှာ သေချာရေရာခြင်း မရှိသေးချေ။
အမေရိကန်တို့၏ နောက်ဆုံးလေယာဉ်မှာ ဩဂုတ် ၃၀ ရက်တွင် ကဘူးလ်မြို့မှ ထွက်ခွာခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၁ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခံရပြီး နှစ်ပေါင်း ၂၀ အကြာ တွင် အာဖဂန်နစ္စတန်၌ အမေရိကန်တို့၏ စစ်ရေး ပါဝင်မှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
တာလီဘန်တို့သည် အစိုးရသစ်ဖွဲ့ရန် ကြိုးပမ်း လျက်ရှိပြီး အမေရိကန်မှ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ကို ကာတာနိုင်ငံသို့စေလွှတ်ခဲ့ သည်။ ကာတာနိုင်ငံသည် တာလီဘန်တို့၏ နိုင်ငံ ရေးရုံးကို လက်ခံပေးထားသည်။ အဆိုပါရုံးတွင် အပြည်ပြည်ဆိုင်ရာမှ အုပ်စုများနှင့် အဆက်အသွယ် ပြုလုပ်မည်ဖြစ်သည်။
အာဖဂန်နစ္စတန်ရှိပြည်သူများမှာ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အခြားသော ခြိမ်းခြောက်မှုများ နှင့် ရင်ဆိုင်နေရသည်။ ဩဂုတ် ၂၆ ရက်တွင် အိုင်အက်စ်အုပ်စု၏ အသေခံဗုံးခွဲမှုဟု ယူဆရသော တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရ သည်။ အာဖဂန်နစ္စတန်တွင် အယ်လ်ကိုင်ဒါတို့၏ လှုပ်ရှားမှုများလည်းရှိသည်။ အာဖဂန်နစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ အမြစ်ပြတ်ရန် အမေရိ ကန်က ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။
အမေရိကန် ပြည်ထောင်စုသည် အာဖဂန်မြေပေါ် တွင် တပ်ဖွဲ့ဝင်များ မရှိတော့သည့်အတွက် အသုံးဝင် သည့် သတင်းအချက်အလက်များ စုဆောင်းရန် များစွာ အခက်တွေ့နိုင်မည်ဟု အမေရိကန်တပ်ဖွဲ့မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မိုက်ကယ်နာဂါတာ က ပြောသည်။ မြေပြင်တွင် လူသားများထံမှ သတင်း အချက်အလက်စုဆောင်းရန် မြေပြင်တပ်များသာ လုပ်နိုင်ပြီး စက်ရုပ်များ၊ ဒရုန်းများ အသုံးပြု၍ မဖြစ် နိုင်ဟုပြောသည်။
အင်န်အိတ်ချ်ကေ