အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အသေးစိတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဇူလိုင်    ၂
ကျန်းမာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက် ပိုင်းက   ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)  ၌ ကျင်းပသည့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ       ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ အသေးစိတ်ညှိနှိုင်း အစည်းအဝေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ
ဦးစွာ    ပြည်ထောင်စုဝန်ကြီးက   ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအစားအသောက် ဥပဒေပါ ရည်ရွယ်ချက်များဖြစ်သည့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ဘေးဥပဒ်ကင်းရှင်းသည့် အစား အသောက်များအား    အများပြည်သူစားသုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်း ရေးဆောင်ရွက်ရာတွင်    ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ အစား အသောက်ကုန်ကြမ်းအဆင့်မှသည် စားသုံးသည် အထိ အစားအသောက်  ကွင်းဆက်တစ်လျှောက်ရှိ   နှီးနွှယ်ဌာနဆိုင်ရာအသီးသီးအနေဖြင့်           မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်        ဓာတ်ခွဲ စစ်ဆေးမှုဆိုင်ရာ  ကိစ္စရပ်များကို  ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီက ဖွင့်လှစ်ခဲ့ သည့် Myanmar National Center for Disease Control and Medical Training Center တွင်လည်း ကူးစက်ရောဂါများသာမက အစားအသောက်ဓာတ်ခွဲ စစ်ဆေးမှုများကို ယခင်ထက်ပိုမို လုပ်ဆောင်သွား နိုင်တော့မည်ဖြစ်ကြောင်း၊    ထို့ပြင်   နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်    ကလေးသူငယ်များအနေဖြင့် ဘေးအန္တရာယ်    ကင်းရှင်းသော၊      သန့်ရှင်းသော၊ အာဟာရပြည့်ဝသော အစားအသောက်များကို ရရှိ စားသုံးစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေးဝန်ကြီးဌာန တို့   ပူးပေါင်းကာ   School   Meal   Program    ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။  
ကဏ္ဍ (၆) ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေး
ယခုအစည်းအဝေးတွင်   နယ်စပ်မှ  တရားမဝင် အစားအသောက်တင်သွင်းမှုထိန်းချုပ်ခြင်း လုပ်ငန်း စဉ်များ၊ တက္ကသိုလ်စားသောက်ဆိုင်များနှင့် Cate-ring Service လုပ်ငန်းစဉ်များ၊ အဝေးပြေးလမ်းမ တစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက် ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင် များ၏  အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး  လုပ်ငန်းစဉ်များ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ သည့်    တောရိုင်းတိရိစ္ဆာန်များ၊     အင်းဆက်များ၊  ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ အစားအသောက်စံချိန် စံညွှန်းများ   ရေးဆွဲထုတ်ပြန်ခြင်း   လုပ်ငန်းစဉ်များ အစရှိသည့် ကဏ္ဍ (၆) ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း၊   သို့မှသာ    ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို ပြည်သူများ စားသုံးနိုင်မည်ဖြစ်သည့်အတွက်    အစားအသောက် ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြ သည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်      ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊    အများပြည်သူနေ့စဉ်    စားသုံးနေသည့် အစားအသောက်          ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်     လုပ်ငန်းများ      အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  တစ်ဦးတစ်ယောက်၊ ဌာန၊ အဖွဲ့ အစည်းတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍ မရသည့် အတွက်  အစားအသောက်    စတင်ထုတ်လုပ်ရာမှ  စားသုံးသည်အထိ      အစားအသောက်ကွင်းဆက် တစ်လျှောက်လုံးနှင့် သက်ဆိုင်သည့်  ဌာနအားလုံး သာမက အစားအသောက် ထုတ်လုပ်သူများ၊ သိုလှောင် သူများ၊    ဖြန့်ဖြူးရောင်းချသူများ၊    စားသုံးသူများ၊ နည်းပညာဆိုင်ရာ   ပညာရှင်များ၊  အသင်းအဖွဲ့များ အားလုံးက     မိမိတို့    သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ  ပူးပေါင်းပါဝင်  ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ တာဝန်အခန်းကဏ္ဍနှင့် ဝတ္တရား များကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက် လာနိုင်မည်ဖြစ်သည့်အတွက်       ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍   အစားအသောက်နှင့်  ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ  ဒေါက်တာခင်ဇော်က အလုပ်ရုံဆွေးနွေးပွဲရလဒ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ ညွှန်ကြား ရေးမှူး (အစားအသောက်) ဒေါက်တာပြည့်ဖြိုးက အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များအရ ထပ်မံဆွေးနွေး မည့်  အကြောင်းအရာများနှင့် ပတ်သက်၍လည်း ကောင်း ရှင်းလင်းတင်ပြသည်။ 
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့်   နှီးနွှယ်ဌာနအသီးသီးမှ  တာဝန်ရှိသူ များက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးချက်များအပေါ် ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီးက အတည်ပြုခဲ့သည်။ 
     အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး    ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွှယ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်