
နေပြည်တော် ဇူလိုင် ၅
အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကော်မတီ အစည်းအဝေး(၂/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနရုံးအမှတ် (၃၂) အစည်းအဝေး ခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်း သန်းလင်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဦးစွာ ပူးတွဲကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က လုပ်ငန်းအဖွဲ့များက အကောင် အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် အကောက် ခွန်ဦးစီးဌာနက Measures ၂၄ ခု၊ ကုန်သွယ်ရေး ဦးစီးဌာနက Measures ခုနစ်ခုနှင့် စားသုံးသူ ရေးရာဦးစီးဌာနက Measures နှစ်ခုတို့ကို ဦးဆောင်အကောင် အထည်ဖော် ဆောင်ရွက်ကြပါ ကြောင်း၊ လုပ်ငန်းတိုးတက်မှု အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နှင့် မတ်လအတွင်း Measures ငါးခု ထပ်မံအကောင်အထည်ဖော် ပြီးစီးခဲ့သည့်အတွက် WTO Website တွင် ဖော်ပြထားသော မြန်မာနိုင်ငံ၏ အကောင်အထည် ဖော် ဆောင်ရွက်မှုရာခိုင်နှုန်း (Implementation Rate) သည် ၁၈ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၇ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက်လာသည် ကို တွေ့ရှိရပါကြောင်း။
ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းပါဝင် အကောင်အထည် ဖော်ကြရန်၊ တိုးတက်မှုအခြေအနေ များ၊ တွေ့ကြုံရသော အခက်အခဲ များနှင့် အကြံပြုချက်များကို ယခု အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဆွေးနွေးကြရန် တိုက် တွန်းပြောကြားသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေးနှင့် စပ်လျဉ်း၍ WTO Website တွင် ဖော်ပြထား ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ က ကျင်းပခဲ့သည့် (၁/၂၀၂၄) အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ပြီးမြောက် မှုရာခိုင်နှုန်းမှာ ၁၈ ဒသမ ၉ ရာခိုင် နှုန်းရှိခဲ့ပြီး ယခုနှစ် ဇွန်လတွင် ၂၇ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက် လာခဲ့ပြီး LDCs ၏ အကောင် အထည်ဖော်မှုရာခိုင်နှုန်းမှာ ၄၉ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊ WTO ၏ Trade Facilitation Database Website တွင် ဖော်ပြထားချက်အရ ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော် ပြီးမြောက်မှု ရာခိုင်နှုန်းမှာ ၇၆ ဒသမ ၉ ရာခိုင်နှုန်းသို့ ရောက်ရှိ လာမည်ဖြစ်ပြီး၊ LDCs ၏ အကောင်အထည်ဖော်မှု ရာခိုင်နှုန်း မှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိလာ မည်ဖြစ်၍ ယခင်ကထက် ပိုမို တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းအဖွဲ့များအနေဖြင့် လုပ်ငန်း ဆောင်ရွက်မှု တိုးတက်မှုများကို ဆန်းစစ်မှုများ အမြဲပြုလုပ်ရန်နှင့် လိုအပ်ချက်များနှင့် အားနည်းချက် များကို ဝိုင်းဝန်းညှိနှိုင်း ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီ အစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပရာ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့လေးဖွဲ့မှ ဥက္ကဋ္ဌများ က သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေများကို တင်ပြကြရာ ကော်မတီဝင်များ၏ ဆွေးနွေးမှုများအပေါ် ကော်မတီ ဥက္ကဋ္ဌနှင့် ပူးတွဲကော်မတီဥက္ကဋ္ဌ တို့က ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ယနေ့အစည်း အဝေးတွင် သဘောတူညီခဲ့ ကြသော လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များက ဆောင်ရွက်ရမည့် အစီအမံများ သတ်မှတ် Definitive Date အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြ ရန်နှင့် လုပ်ငန်းစဉ်တစ်လျှောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ကော်မတီပူးတွဲ ဥက္ကဋ္ဌက နည်းပညာအကူအညီ ရယူရန် လိုအပ်သော Category C အောက်ရှိ Measures များ အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဉ်း၍ အကူအညီများရရှိနိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ အစိုးရဌာနများအနေ ဖြင့်လည်း ခေတ်မီ လုပ်ထုံး လုပ်နည်းများဖြင့် အခွန်ကောက်ခံ နိုင်ကြမည် ဖြစ်သည့်အပြင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေ ရေးသဘောတူစာချုပ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုများ ပိုမိုလျင်မြန် တိုးတက်လာခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးရာရောက် သဖြင့် နိုင်ငံ၏စီးပွားရေးကို များစွာ အကျိုးပြုစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်