
နေပြည်တော် ဇန်နဝါရီ ၃
အမျိုးသားအဆင့် မိုင်းကင်းစင်ရေး လှုပ်ရှားမှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
ငြိမ်းချမ်းရေးရှိမှသာ
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိုင်းကင်းစင်ရေးလုပ်ငန်းသည် အမျိုး သားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ် ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကြောင့်ဖြစ်သောဘေး၊ သဘာဝ ကြောင့်ဖြစ်သော ဘေးများတွင် ဘေးဒုက္ခခံစားကြရသူများအား ပံ့ပိုး ကူညီမှုများကို ဆက်စပ်အဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး အလျင်အမြန် တုံ့ပြန် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဘေးဒုက္ခများတွင် လက်နက် ကိုင်ပဋိပက္ခများကြောင့် မိမိတို့၏ အိုးအိမ်၊ စည်းစိမ်များကို စွန့်ခွာကြ ရခြင်းသည် ကြီးမားသောဒုက္ခဖြစ် ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူ များ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ တစ်ရပ် အတည်ပြုပြီးဖြစ်ကြောင်း၊ သို့ရာတွင် ရေရှည်ပဋိပက္ခများ ကင်းဝေးပြီး ငြိမ်းချမ်းရေးရှိမှသာ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အပြည့် အဝ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
မိုင်းကင်းစင်ရေးလှုပ်ရှားမှု
လက်ရှိအခြေအနေတွင် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရေးကြီးသော လုပ်ငန်းတစ်ခုဖြစ် သည့် မိုင်းကင်းစင်ရေးလှုပ်ရှားမှုကို အမျိုးသားအဆင့်အဖွဲ့ ဖွဲ့စည်းပြီး ကြိုတင်ဆောင်ရွက်ထားရန် အရေး ကြီးကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ မြန်မာ နိုင်ငံ မိုင်းလုပ်ငန်း အာဏာပိုင်အဖွဲ့ ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို Norwegian People’s Aid အဖွဲ့၏ အကူအညီဖြင့် စတင်ရေးဆွဲခဲ့ပြီး မူကြမ်းများရရှိ၍ မိုင်းလုပ်ငန်းဆောင် ရွက်ရေးနှင့် မဟာဗျူဟာရေးဆွဲရေး တွင် အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊ မဲခေါင်ဒေသနိုင်ငံများတွင် Mine Action Authority ဖွဲ့စည်းပြီး Mine Action Centre များ တည်ထောင် ၍ Humanitarian Demining နှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ASEAN Regional Mine Action Centre နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် Geneva International Centre for Humanitarian Demining အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ် ကြသည့် ဦးအောင်လှထွန်းနှင့် ဦးစိုး အောင်၊ အစည်းအဝေးသို့ တက်ရောက် လာကြသူများက အမျိုးသားအဆင့် မိုင်းကင်းစင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး အမျိုးသား အဆင့် မိုင်းရှင်းလင်းရေး အာဏာပိုင် အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် အဆင့် ဆင့် ဆက်လက်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး စတင်ဆောင် ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သတင်းစဉ်