အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားများ

Type
1

 

ပြည်သူများအကြား မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစား အသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက်  အမျိုးသားစာပေဆုတို့ကို  ရွေးချယ်ထုတ်ပြန်ခဲ့ရာ၌ ဆုရရှိသော စာရေးဆရာကြီးများအား  မြန်မာ့အလင်းက  ဆက်လက်တွေ့ဆုံမေးမြန်းခဲ့သည်။

 

မနွဲ့ရီ (မဟာဝိဇ္ဇာ) 
နိုင်ငံရေးစာပေဆုရ


‘‘ဗိုလ်ချုပ်အောင်ဆန်း၏      နိုင်ငံရေး သဘောတရားအမြင်များ      စာအုပ်နဲ့ စာပေဆုကို ပထမဆုံးရရှိတာပါ။ ကျွန်မ ကိုယ်တိုင်လည်း ဘီအေတန်းက လေးနှစ်၊ မဟာတန်းက နှစ်နှစ်ပေါ့။  ခြောက်နှစ် လုံးလုံး  နိုင်ငံရေးနဲ့ Political Science ကို သင်ယူခဲ့ရတာဆိုတော့ ကျွန်မဆရာမ ဖြစ်ပြီးတော့လည်း     နိုင်ငံရေးဘာသာ ရပ်ကိုပဲ ပြန်ပို့ချခဲ့ပါတယ်။         ဒီတော့ ခေါင်းဆောင်ကြီးတွေရဲ့  အတွေးအခေါ် တွေနဲ့ အမြဲတမ်းထိတွေ့နေရတာ ဖြစ်တဲ့ အတွက်      ကျမ်းတင်တဲ့အခါကျတော့ လည်း  နိုင်ငံရေးခေါင်းဆောင်ကြီးတွေ ထဲကပဲ  တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးသားဖြစ်တာဖြစ်ပါတယ်။  ဒါ‌ပေမယ့် ခေါင်းစဉ်ကျတော့       ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏       နိုင်ငံရေး သဘောတရားကို        တင်ပြခြင်းဆိုပြီး အလွန်ကျယ်ပြန့်နေတာ ဖြစ်တဲ့အတွက်တစ်ကမ္ဘာလုံးမှာရှိတဲ့   ခေါင်းဆောင်တွေ ထဲကနေ  တစ်ယောက်ကို   ကျွန်မစိတ်နဲ့ ရွေးရပါတယ်။  သူတို့စာအုပ်တွေ ပုဂ္ဂိုလ် ရေးရာအကြောင်းတွေနဲ့ အတွေးအခေါ် တွေအပါအဝင်    သူတို့လုပ်ရပ်တွေကို စုစည်းလိုက်တဲ့         အခါကျတော့လည်း ခက်ခဲမှုတွေက   အများကြီးရှိခဲ့ပါတယ်။ အဲဒီတော့ ပြန်ဆန်းစစ်တဲ့အခါမှာ  ကိုယ့် နိုင်ငံရဲ့     ခေါင်းဆောင်က   အသက် အငယ်ဆုံးဖြစ်ပြီး        တော်လည်းတော်တယ်။  ပြီးတော့ သူ့အကြောင်းကိုလည်း ကျွန်မတို့ငယ်စဉ်ဘ၀ကတည်းက သင်ယူ ခဲ့ရတာဆိုတော့        အကြောင်းထက်ဝက်
လောက်က သိပြီးဖြစ်နေပြီလေ။ သူကိုယ် တိုင် ပြောခဲ့တဲ့ မိန့်ခွန်း၊   ရေးခဲ့တဲ့စာပေ တွေကအခိုင်အမာတွေရှိတာမို့ ဗိုလ်ချုပ် ကိုပဲ   ကျွန်မရွေးပြီး  ကျမ်းပြုစုခဲ့ခြင်း ဖြစ်ပါတယ်။   ကျမ်းပြုစုတာမှာလည်း သက်တမ်းသုံးနှစ်လောက် ကြာခဲ့ပါတယ်။ ဗိုလ်ချုပ်အသက်   ၃၀   အရွယ်ဖြစ်တဲ့ လွတ်လပ်ရေး အရယူခဲ့စဉ်အခါကတည်း က         ပြောခဲ့တဲ့စကားတွေဟာဆိုရင်   ခုမျက်မှောက်ခေတ်ထိ   မှန်ကန်နေဆဲ၊   အတုယူရဆဲဖြစ်တာကြောင့် နောက်ပိုင်း မှာ   လူကြီး၊   လူငယ်များအတွက် အကျိုး ရှိလိမ့်မယ်လို့      မျှော်လင့်မိပါတယ်’’ဟု ပြောကြားသည်။

 


ဆရာမကြီး‌   ဒေါ်နွဲ့နွဲ့ရီ     [မနွဲ့ရီ (မဟာဝိဇ္ဇာ)] သည် ၁၉၄၅ ခုနှစ်တွင် ဧရာ ၀တီတိုင်း  ငါးသိုင်းချောင်းမြို့၌   အဘ  (ဦးမောင်ကောက်ကြီး)၊   အမိ ဒေါ်ကြည် တို့မှ‌ မွေးဖွားပြီး မွေးချင်း‌မောင်နှမ  ကိုးဦး အနက်မှ   အကြီးဆုံးဖြစ်သည်။ ငါးသိုင်း ‌ချောင်းမြို့မှ‌နေပြီး ငါးသိုင်းချောင်းအထက် တန်း ကျောင်း၌   တက္ကသိုလ်၀င်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲကို ကျုံပျော် မြို့ စာစစ်ဌာနမှ      ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့ပြီး  ၁၉၇၀   ပြည့်နှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံမှ B.A ဘွဲ့‌ ‌အောင်မြင် ခဲ့သည်။  ၁၉၇၁ ခုနှစ်တွင်   မဟာဝိဇ္ဇာ တန်းတက်ခဲ့သည်။    ၁၉၇၇    ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏      နိုင်ငံရေး သဘောတရားအမြင်များ    ကျမ်းပြုစု တင်သွင်း၍ မဟာဝိဇ္ဇာတန်းအောင်မြင် ပြီး ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၂   ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ရန်ကုန်လုပ်သားများ‌ ကောလိပ်မှာ  နည်းပြဆရာအဖြစ် ဆောင် ရွက်ခဲ့သည်။  ၁၉၇၉ ခုနှစ်တွင် R.L အောင် မြင်ခဲ့သည်။  ၁၉၈၄  ခုနှစ်တွင် ဗဟိုတရား ရုံးရှေ့နေ    အသိအမှတ်ပြုခံရသည်။

 


ဒေါက်တာဦးလှကြည် 
(ကလေးကျန်းမာရေး) 
သုတပဒေသာ (အသုံးချသိပ္ပံ)ဆုရ


‘‘ကလေးကျန်းမာဖွံ့ဖြိုးရေး၊  နိုင်ငံ တိုးတက်မှုနှင့်    ခဲဆိပ်အန္တရာယ်’’ ပါ။  မနှစ်ကလည်း စာမူအမည်‘‘ကင်ဆာရောဂါ နှင့် မြန်မာ့အစားအစာ’’နဲ့    အမျိုးသား စာပေဆုရရှိခဲ့ပါတယ်။  နှစ်နှစ်ဆက်တိုက် ဆုရရှိခဲ့တာဆိုတော့   ဒီလို   မျှော်လင့် မထားပါဘူး။    ဒီလိုကြီး  ဆက်တိုက်    တစ်ခါမှရဖူးတဲ့လူလည်း မရှိဘူးဆိုတော့   ကျေနပ်တာပေါ့။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လက ထွက်တာပါ။ ခုတစ်ကြိမ်ကတော့  ကလေးကျန်းမာရေး     ဖြစ်တဲ့အတွက် ဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာ ရေး) ဆိုပြီး    ကလောင်နာမည်ပေးထားပြီး   မနှစ်ကတော့ ဂုဏ်ထူးအနေနဲ့ အာဟာရ ဆရာဝန်ကြီးဆိုပြီး    ကလောင်နာမည် ပေးထားတယ်။ ဆိုလိုတာကတော့ ရေးတဲ့ စာဘာသာရပ်နဲ့  ဆရာ   တာဝန်ထမ်း ဆောင်ခဲ့တုန်းက     လုပ်ခဲ့တဲ့ အလုပ်တွေနဲ့    ကိုက်ညီအောင်ဆိုပြီး   ရေးသားတာပါ။ အဲဒီတော့ ခဲဆိပ်အန္တရာယ်က  ဆရာတို့ ၁၉၈၀ ပြည့်နှစ်လောက်တုန်းက  ရန်ကုန် ကလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင် တုန်းက  ဘက်ထရီပြင်တဲ့  အိမ်တွေက ခဲတွေကို အရည်ကျိုတာဆိုတော့ ကလေး တွေက အဲဒီအငွေ့တွေကို ရှူမိပြီးတက်ပြီး ဆေးရုံကို  ရောက်လာပါတယ်။    ဒါက အနည်းအကျဉ်းပေါ့။ ဒီထက်ဆိုးတာက    ဒီကလေးတွေဟာ ကလေးဘ၀အရွယ်မှာ   ဉာဏ်ရည်နိမ့်မှုတွေဖြစ်တယ်။  လူငယ်၊   လူလတ်အရွယ် မှာ လေလွင့်ပြီး    အိမ်က ထွက်ပြေးတယ်။       အသက်ကြီးရင် ရာဇဝတ်မှုတွေဖြစ်လာတယ်။

 

အဲဒီကနေ တစ်ဆင့် တစ်တိုင်းပြည်လုံး    ခဲဆိပ်သင့် ရင် ကလေးတွေအားလုံး ဉာဏ်ရည်နိမ့်ပြီး တိုင်းပြည်တိုးတက်ရေးလည်း  ထိခိုက် တယ်။  ဒါကြောင့်မို့   ဆရာ့စာအုပ်ကို ကလေးကျန်းမာရေးရော နိုင်ငံတိုးတက် မှုရော ခဲဆိပ်အန္တရာယ်ပါဆိုပြီး နာမည် အရှည်ကြီးပေးတာပါ။        ကလေး တစ်ယောက်ချင်းအတွက်    မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက်ပြောတာပါ။       ဒီ အန္တရာယ်က  တစ်ကမ္ဘာလုံးမှာရှိတယ်။ မြန်မာပြည်မှာဆိုရင်   ဘယ်လိုနေရာတွေ မှာရှိလဲဆိုတော့    နံပါတ်(၁) အနေနဲ့ ပြောရရင်အိမ်သုတ်ဆေးဖြစ်တဲ့ သင်္ဘော ဆေးထဲမှာပါတယ်။ ဩစတြေးလျမှာဆိုရင် အိမ်သုတ်ဆေးထဲမှာ       ခဲဆိပ်မပါရဘူး ဆိုပြီး ဥပဒေပြဋ္ဌာန်းထားတယ်။  မြန်မာ ပြည်မှာ ခုထိမသိကြဘူး။   ဆရာ့အိမ်မှာ ဆေးလာသုတ်တဲ့သူတွေကို မေးတယ်။ အဲဒီထဲမှာ ခဲပါတာသိလားဆိုတော့ မသိ ကြဘူးတဲ့၊ ဆိုင်မှာ သင်္ဘောဆေးသွားဝယ် တော့လည်း    ရောင်းတဲ့သူကိုမေးတယ်။ သိလားဆိုတော့ မသိဘူးတဲ့။ သင်္ဘောဆေး ထဲမှာ ခဲပါတယ်။  အဲဒီတော့ သင်္ဘောဆေး သုတ်ပြီးသားကို    အသစ်ပြန်သုတ်တဲ့ အခါမှာ    ဆေးဟောင်းကိုချွတ်ရတယ်။ ချွတ်တဲ့အခါ   အမှုန်တွေကျတယ်။  အဲဒီ အမှုန်တွေကတစ်ဆင့်       ခဲဆိပ်တက် တယ်။   ဒါကြောင့်    ချွတ်တဲ့အခါမှာ နှာခေါင်းစည်းတပ်ရမယ်။  အနီးအနား မှာကလေးတွေမဆော့အောင် လုပ်ရမယ်၊ ဆရာတို့ဆီမှာ  အိုးပုတ်၊ ချိုးရုပ်၊ ပစ်တိုင်း ထောင်ရုပ်တွေမှာ     ဆေးခြယ်တယ်။
အဲဒါတွေအားလုံးမှာခဲပါတယ်။  ကလေး သဘာဝက     ပါးစပ်နဲ့ကိုက်တာဆိုတော့ အဲဒီကနေ ခဲဆိပ်သင့်တယ်။    နောက်ပြီး စဉ့်ထဲမှာခဲပါတယ်။

 

စဉ့်အိုးကြီးတွေထဲ မှာ ရေထည့်ရင် ဘာမှမဖြစ်ပါဘူး။ အလှူ လုပ်လို့ဆိုပြီး  အဲဒီအိုးထဲ   သံပုရာရည် ဖျော်ထည့်လိုက်တော့           အဲဒီထဲခဲတွေ ပျံ့ကုန်ပြီး ခဲဆိပ်သင့်တာပေါ့။ စဉ့်အိုးထဲ ရေထည့်လို့ရတယ်။ အလှပန်းအိုးလုပ်လို့ ရတယ်။ နောက်ပြီး  ခဲသမင်ထည့်တယ် ဆိုတာရှိတယ်။  ငါးထဲနဲ့ ပုစွန်ခေါင်းတွေထဲ ခဲထည့်တယ်၊    အလေးချိန်တိုးအောင် ပေါ့၊ အဲဒါက အလေးခိုးရုံမကဘူး၊ လူသေ မှုဖြစ်တယ်၊ အပြစ်ကြီးတယ်၊    ထပ်ရှိ သေးတယ်၊   နနွင်းမှုန့်ထဲ    ခဲမှုန့်တွေ ရောတယ်ဆိုတော့    ကြောက်စရာကြီးပါ၊ အဲဒီတော့ ဆရာတို့အတွက်   သင်္ဘောဆေး၊ ကလေးကစားစရာနဲ့      စဉ့်အိုးတွေမှာ ခဲရှိတယ်ဆိုတာကို   လူတွေသိစေချင်ပါ တယ်။ ခဲဆိပ်ကအန္တရာယ်ရှိတယ်။ မြန်မာ ပြည်ရဲ့ဘယ်နေရာမှာနေနေ၊   ဘယ်မြို့ မှာနေနေ ကလေးတွေအတွက်ရော မိသားစုတစ်စုလုံးအတွက်ပါ     အထူး အန္တရာယ်ရှိတယ်။ ဒါကြောင့်    ဂရုစိုက် သင့်ပါတယ်’’ဟု ပြောကြားသည်။‌   
ဒေါက်တာလှကြည်သည်  ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ်  ဖလေးကျေးရွာ တွင်  အဘ ဦးအုန်းကြွယ်၊ အမိ ဒေါ်သိန်း ကြည်တို့မှ ၁၉၄၆ ခုနှစ် သြဂုတ် ၂၆ ရက် တွင် မွေးဖွားသည်။   ၁၉၆၃  ခုနှစ်‌တွင်  ပဲခူးမြို့      အထူးသဒ္ဒါသင်ကျောင်းမှ   တက္ကသိုလ်၀င်တန်းကို    အောင်မြင်ခဲ့ သည်။  ၁၉၇၀ ပြည့်နှစ်တွင်  ရန်ကုန်မြို့  ဆေးတက္ကသိုလ်(၁)မှ        ဆေးပညာ (M.B.B.S) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၀ ပြည့် နှစ်တွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁)မှ   ကလေးကျန်းမာရေး ပညာဒီပလိုမာ (Diploma in Child Health-DCH)ဘွဲ့ကို ရရှိခဲ့သည်။  ၁၉၈၈ ခုနှစ်  အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်တက္ကသိုလ်မှ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ မဟာသိပ္ပံ-အာဟာရ (Master Public Health-MPH)  ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ   တပ်မတော်(ကြည်း)ဆေး၀န်ထမ်း တပ်ဖွဲ့တွင် ပြည်သူ့ကျန်းမာရေးဆေးမှူး   (ဗိုလ်/ဗိုလ်ကြီး)  အဆင့်တို့ဖြင့်   တာ၀န် ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ   ကျန်းမာရေး၀န်ကြီးဌာန  ကျန်းမာရေးဦးစီးဌာနတွင် ရာထူးတာ၀န် အဆင့်ဆင့်  ထမ်းဆောင်ခဲ့သည်။

 


 ၂၀၀၆  ခုနှစ်တွင် သက်ပြည့်အငြိမ်း စားယူခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ရန်ကုန်မြို့  ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့(UNICEF)ရုံးတွင် အမျိုး သားအာဟာရ       ကျွမ်းကျင်သူအရာရှိ အဖြစ်လည်းကောင်း၊၂၀၀၈ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အာဟာရအတိုင်ပင်ခံအဖြစ် လည်းကောင်း    တာ၀န်ထမ်းဆောင်ခဲ့သည်။      

 
တင်စိုး၊ ဓာတ်ပုံ - အာကာစိုး