
နေပြည်တော် ဇွန် ၂၀
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
တက်ရောက်
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးနှင့် အလုပ် အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်
တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသောအချက်များ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အထွေထွေဆွေးနွေးချက်များအား ဆက်လက်ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် နှစ်ရက်တာ ဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့် သဘောထား များအား သဘောထားစုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။
နိဂုံးချုပ်အမှာစကားပြောကြား
ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးက ကျေးဇူးတင်စကားပြောကြား ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်