အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဩဂုတ်  ၂၁
အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေး ပါတီများ   အစုအဖွဲ့၏  အလုပ်အဖွဲ့ တို့     ယနေ့ နံနက်ပိုင်းမှ   စတင်၍ နေပြည်တော်ရှိ       အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု        ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။
တက်ရောက်
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊          အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ          ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်  ညှိနှိုင်းရေး ကော်မတီဝင်များ၊   နိုင်ငံရေးပါတီ များအစုအဖွဲ့၏       အလုပ်အဖွဲ့ ခေါင်းဆောင်  ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ  အေးမောင်နှင့် အလုပ်အဖွဲ့    ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ  တက်ရောက် ကြသည်။
နှုတ်ခွန်းဆက်စကားများ ပြောကြား
တွေ့ဆုံ         ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု  ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်နှင့်  နိုင်ငံရေးပါတီများ        အစုအဖွဲ့၏  အလုပ်အဖွဲ့ခေါင်းဆောင်        ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌ   ဒေါက်တာ အေးမောင်တို့က  နှုတ်ခွန်းဆက် စကားများ           ပြောကြားကြ သည်။
အပြန်အလှန်ဆွေးနွေးညှိနှိုင်း
ထို့နောက်  အမျိုးသားစည်းလုံး  ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု    ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်က  တွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ  အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံရေးပါတီများ   အစုအဖွဲ့၏ အလုပ်အဖွဲ့က  ဆွေးနွေးလိုသည့် အချက်များကို     အဆိုပြုတင်ပြ ကြပြီး အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး       ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး   ဝင်းဗိုလ်ရှိန် က  ညှိနှိုင်းရေးကော်မတီဘက်မှ ဆွေးနွေးလိုသည့် အချက်များအား အဆိုပြု ဆွေးနွေးသည်။ ဆက်လက် ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)မှ     ပြင်ဆင်ဖြည့်စွက်သင့် သည့်   အချက်များနှင့်ပတ်သက်၍ ပထမအကြိမ်       တွေ့ဆုံခဲ့စဉ်က ဆက်လက်ဆွေးနွေးရန်     ကျန်ရှိ သည့်   အချက်များနှင့်   နှစ်ဖက် အဆိုပြုချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။
ဆက်လက်ကျင်းပသွားမည်  
ဆွေးနွေးပွဲ    ဒုတိယနေ့ကို ဩဂုတ် ၂၂ ရက်တွင်   ဆက်လက် ကျင်းပသွားမည်        ဖြစ်ကြောင်း သတင်းရရှိသည်။        သတင်းစဉ်