အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    ဩဂုတ်   ၂၂
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီနှင့်      နိုင်ငံရေးပါတီများ   အစုအဖွဲ့၏     အလုပ်အဖွဲ့တို့  ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌  ဆက်လက်ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့   နယ်စပ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊   နိုင်ငံရေးပါတီများအစုအဖွဲ့၏   အလုပ် အဖွဲ့ ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ၊   တာဝန်ရှိပုဂ္ဂိုလ်များ    တက်ရောက် ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက်အဆိုပြု ချက်များနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စများကို  နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အထွေထွေဆွေးနွေး ခြင်းတွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးဆိုင်ရာများအား  ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များမှ ရရှိလာသည့် သဘောထားများအား စုစည်းချက်များအဖြစ် မှတ်တမ်း တင်ခဲ့ကြသည်။
ထို့နောက်  တက်ရောက်လာကြသည့်  နိုင်ငံရေးပါတီများအစုအဖွဲ့၏  အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က  ကျေးဇူးတင်စကားပြောကြားကာ  အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ  ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်