
နေပြည်တော် နိုဝင်ဘာ ၁၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ ငွေကျပ်သိန်း ၃၀၀၀ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ပိုင်းတွင် ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံခဲ့သည်။
ရှေးဦးစွာ လှူဒါန်းရသည့် အကြောင်းရင်းနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာ ပတိအဖွဲ့ဝင် ဦးဝင်းထိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disea-se 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံ ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် လှူဒါန်းရသည့်အပေါ် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယခုကဲ့သို့ လှူဒါန်းမှု အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေသူများ အားလုံး၏ကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများကို အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူများ ပါးစပ် နှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရေး လူထု ကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါစီမံချက်လုပ်ငန်းများ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့်လည်း တတ်နိုင် သမျှပါဝင်ကူညီကြပါရန် သဘာပတိ ကြီးက မေတ္တာရပ်ခံပေးစေလိုပါ ကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင် မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှု ရေးလုပ်ငန်းများကို ပုံမှန်အနေအထား အတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင် လာနိုင်မည်ဖြစ်သည့်အတွက် အဆိုပါ စီမံချက်သည် ပြည်သူများ၏ ကျန်းမာ ရေးအတွက် အရေးကြီးသော စီမံချက် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း များနှင့်အညီ လိုက်နာကျင့်သုံးပါက ရောဂါကူးစက်မှုများ အချိန်တိုအတွင်း ကျဆင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီသို့ လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀၀၀ အား အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်း ပေးအပ်ပြီး(အပေါ်ပုံ) ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်