တောင်သူတွေရဲ့ မြေတစ်ယူနစ်ချင်းကနေ ထုတ်လုပ်မှုတန်ဖိုးအမြင့်ဆုံး ဖြစ်စေချင်တယ်
=========================================
အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း
------------------------------------------------------------------
တွေ့ဆုံမေးမြန်း
တာရာ
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုမြှင့်တင်ပေးနိုင်ရေးအတွက် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
တောင်သူလယ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်၊ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် သိုလှောင်ကြိတ်ခွဲ ရောင်းချခွင့်ရရှိရေးကို ကူညီဆောင်ရွက်ပေးရန်နှင့် လယ်ယာထွက်ကုန်များဖြစ်သည့် ကောက်ပဲသီးနှံများကို သင့်တင့်မျှတသည့် ဈေးနှုန်းရရှိရေးအတွက် ကူညီပေးရန် ကော်မတီက ဆောင်ရွက်ရသည့်အပြင် ကော်မတီ၏ ကွင်းဆင်းလေ့လာ တွေ့ရှိ ချက်များအပေါ်မူတည်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်သို့ တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် အဆိုများတင်သွင်းခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် တောင်သူလယ်သမားရေးရာကော်မတီအနေဖြင့် လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေး ကောင်း မွန်မြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် နည်းပညာ ရရှိရေးကို ကူညီဆောင်ရွက်ပေးရန်၊ တောင်သူလယ်သမား များအတွက် စိုက်ပျိုးစရိတ်ချေးငွေ လုံလောက်စွာရရှိရေး၊ လယ်ယာထွက်ကုန်ရောင်းချမှုအပေါ် အကျိုးအမြတ် လုံလောက်စွာရရှိရေးကို ကူညီဆောင်ရွက်ပေးရန်၊ တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ် များကို နည်းလမ်းရှာဖွေ၍ လွှတ်တော်သို့ တင်ပြရန်တို့ကို ဆောင်ရွက်ရသည်။
ကော်မတီသည် ပြည်သူများထံမှ တင်ပြလာသော တိုင်ကြားစာများအနက် အများပြည်သူ အကျိုးစီးပွား ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များဖြစ်ပါက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကွင်းဆင်းစိစစ်ခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိရာ တောင်သူ လယ်သမားရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည် -
ဦးဘမျိုးသိန်း (အမျိုးသားလွှတ်တော်
တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ)
ကျွန်တော်တို့ ကော်မတီကို တင်ပြလာတဲ့ ကိစ္စရပ် တွေက လယ်ယာမြေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါ တယ်။ အထူးသဖြင့် မြေသိမ်းဆည်းခံရတဲ့ကိစ္စတွေ၊ နောက် လယ်ယာမြေစီမံခန့်ခွဲမှုပိုင်းမှာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေကိုလည်း လက်ခံရရှိပါ တယ်။ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ကော်မတီကို ပေးပို့တာလည်း ရှိပါတယ်။
မြေသိမ်းဆည်းခံရတဲ့ တိုင်ကြားစာတွေကို လက်ခံ ရရှိရင် ကော်မတီက အချက်အလက်ခိုင်မာမှု ရှိ/မရှိ၊ တိုင်ကြားသူရဲ့ မြေတည်နေရာ၊ ရာဇဝင်ကစပြီး ပိုင်ဆိုင် တဲ့ အထောက်အထား၊ မြေသိမ်းဆည်းခံရတဲ့ အချိန် ကာလ၊ သိမ်းတဲ့အခါမှာလည်း တည်ဆဲမြေသိမ်းဥပဒေ တွေနဲ့ ညီညွတ်မှု ရှိ/မရှိကို စစ်ဆေးပါတယ်။ မြေသိမ်း ဥပဒေအနေနဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွေ ရှိပါတယ်။ ကော်မတီကို ရောက်ရှိလာတဲ့ အများစုက ဥပဒေနဲ့အညီ မသိမ်းတာများပါတယ်။
နစ်နာသူကိုယ်တိုင် လက်မှတ်ရေးထိုး
ဥပဒေနဲ့အညီ သိမ်းတယ်ဆိုပေမယ့်၊ တကယ်တော့ လျော်ကြေး၊ နစ်နာကြေးနဲ့ အစားထိုး ဆောင်ရွက်ပေးတာ တွေမရှိတော့ သိမ်းဆည်းခံရသူတွေအတွက် နစ်နာပါ တယ်။ အဲဒီအပေါ်မှာ အခြေခံပြီး တိုင်ကြားကြပါတယ်။ ဒီလို တိုင်ကြားရာမှာလည်း သိမ်းဆည်းခံရသူ သို့မဟုတ် နစ်နာသူကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတိုင်မှ ကော်မတီ အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ စဉ်းစား ဆောင်ရွက်ပေးပါတယ်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ဗဟိုကော်မတီဆိုပြီး ဖွဲ့စည်းထားတာရှိပါတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်ဆိုပြီး အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။ အဆင့်ဆင့် ဆောင်ရွက်မှုတွေရှိပါတယ်။ အဲဒီလို ဆောင်ရွက် တဲ့နေရာမှာ လိုအပ်တယ်ဆိုရင် အမှုတွဲကို ကျွန်တော်တို့ ကော်မတီရဲ့ တွေ့ရှိချက်၊ စိစစ်ချက်၊ အကြံပြုချက်တွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြပါတယ်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီ ချက်နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ကို ဆက်လက်တင်ပြပါတယ်။ ကော်မတီရဲ့ တင်ပြချက်အပေါ် သက်ဆိုင်ရာဌာနတွေက ပြန်လည် စိစစ်ပါတယ်။ သူတို့ရဲ့ စစ်ဆေးတွေ့ရှိချက်ကို ကျွန်တော် တို့ကို ပြန်လည်ပေးပို့ပါတယ်။
သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ၊ ဝန်ကြီး ဌာနတွေကို ပြန်လည်စိစစ်ပေးပါလို့ တင်ပြလိုက်တဲ့ ကိစ္စရပ်တွေမှာ ကျွန်တော်တို့ ကော်မတီကို စစ်ဆေးတွေ့ရှိ ချက်တွေနဲ့ပတ်သက်ပြီး အကြောင်းပြန်ကြားတဲ့နေရာမှာ ကြန့်ကြာမှုအချို့ကိုလည်း တွေ့ရပါတယ်။ ဒီလို ကြန့်ကြာမှု ရှိတဲ့အတွက် ထပ်ပြီးသတိပေးစာ ထုတ်ရတာတွေလည်း ရှိပါတယ်။
နောက်တစ်ခုက ဒီလိုစိစစ်ခိုင်းတဲ့အခါ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက တွေ့ရှိချက်တွေ ပြန်တင်လာ တဲ့အခါ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ မှန်ကန်မျှတမှု မရှိဘူး၊ နစ်နာပါတယ်လို့ ထပ်ပြီးတင်ပြ တိုင်ကြားတာတွေ ကိုလည်း ကော်မတီအနေနဲ့ ပြန်ပြီးစိစစ်ပေးပါဆိုပြီး ပြန်လည်ဆောင်ရွက်ပေးပါတယ်။
ပညာရှင်တွေ ဖိတ်ခေါ်ဆွေးနွေး
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ရင် လွှတ်တော်မှာ ပညာရှင်တွေ ဖိတ်ခေါ်ပြီး ဆွေးနွေးပါတယ်။ ဒါ့အပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပြီး ဆွေးနွေးကြပါတယ်။
လုပ်ကွက်ငယ် တောင်သူလယ်သမားတွေအတွက် ပေးနိုင်မယ့် အကူအညီတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါ တယ်။ ဒါတွေက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။
မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရေးနဲ့ ပတ်သက် တဲ့ ကိစ္စရပ်တွေ၊ ပုံစံ (၇) ရရှိမှု အခက်အခဲတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုလည်း ဖိတ်ခေါ်ဆွေးနွေးပါတယ်။ စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့ အရင်းအနှီးနဲ့ ချေးငွေရရှိ ရေးကိစ္စတွေကို ဆွေးနွေးကြတာ ရှိပါတယ်။
ဒါတွေနဲ့ပတ်သက်ရင် နယ်တွေကနေ လာတဲ့ တိုင်ကြားစာတွေမှာ ချေးငွေ အချိန်မီမရတာ၊ ဧက ရှိသလောက်မရတာနဲ့ ၁၀ ဧကလောက်အထိပဲ ချေးငွေရတာ တွေကို တိုင်ကြားတဲ့စာတွေကို ရပါတယ်။ ဒီလိုကိစ္စတွေကို ကော်မတီအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ခေါ်ယူ တွေ့ဆုံဆွေးနွေးရပါတယ်။ ဘဏ်ဘက်ကလည်း သူတို့အခက်အခဲကို ကော်မတီမှာ လာရောက်ရှင်းပြသလို လွှတ်တော်မှာလည်း ရှင်းပြပါတယ်။
နှစ်ရှည်ချေးငွေနဲ့ပတ်သက်ရင် JICA ရဲ့ နှစ်ဆင့် ချေးငွေကို ဂျပန်အစိုးရဆီကနေ ချေးငွေယူပါတယ်။ ဗဟို ဘဏ်ကနေတစ်ဆင့် သက်ဆိုင်တဲ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ကို လွှဲပေးပါတယ်။ အဲဒီကနေ သက်ဆိုင်တဲ့ တောင်သူလယ် သမားတွေကို လုပ်ငန်းအလိုက် အခြေခံပြီး သိန်း ၅၀၀ နဲ့ အထက် ချေးငွေကို သတ်မှတ်စည်းစနစ်နဲ့အညီ ပေးပါ တယ်။ ဒီလိုအရင်းအနှီးတွေက တောင်သူတွေအတွက် အမှန်တကယ် လိုအပ်ပါတယ်။
တောင်သူတွေဆီက ထပ်ကြားတာက တစ်နှစ်ချင်း ချေးငွေပေးတဲ့နေရာမှာ ရာသီသီးနှံအပေါ်အခြေခံတဲ့ အတွက် ထွက်ရှိလာတဲ့ သီးနှံကိုရောင်းချပြီး ချေးငွေ ပြန်ဆပ်လိုက်ရတဲ့အတွက် တောင်သူတွေအနေနဲ့ အဆင် မပြေဘူးလို့ ကြားသိရပါတယ်။ တောင်သူတွေအနေနဲ့ သီးနှံတစ်ခု စိုက်နိုင်ဖို့ချေးငွေရယူထားတဲ့အတွက် နောက် သီးနှံစိုက်ပျိုးဖို့ ချေးငွေထပ်ချေးနိုင်ဖို့အတွက် ထွက်ရှိ တဲ့သီးနှံကို အလျင်အမြန် ရောင်းချရလို့ ဈေးကောင်း မရရှိဘူး၊ ဈေးကောင်းရဖို့လည်း အချိန်ပေးပြီး မစောင့်နိုင်ဘူး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် တောင်သူတွေက တစ်နှစ်ချင်း ချေးငွေပေးမယ့်အစား သုံးနှစ်၊ လေးနှစ်စတဲ့ နှစ်လတ် ချေးငွေတွေ အစီအစဉ် လုပ်ပေးဖို့ ကော်မတီကို အကြံပြုတင်ပြကြတာလည်း ရှိပါတယ်။ ကော်မတီအနေနဲ့ သက်ဆိုင်ရာကို ပြန်လည် ဆွေးနွေးတင်ပြတဲ့အခါ ဒါကိုလည်း ဆောင်ရွက်ဖို့ စဉ်းစားနေပါတယ်ဆိုပြီး ပြန်လည်ကြားသိရပါတယ်။
တောင်သူလယ်သမားဆိုင်ရာ ဥပဒေတွေထဲမှာ အသစ်ရေးဆွဲဖို့၊ ပြန်လည် ပြင်ဆင်ဖြည့်စွက်ဖို့နဲ့ ဖျက်သိမ်းဖို့လိုတဲ့ ဥပဒေတွေ ရှိပါတယ်။ ဒီဥပဒေတွေထဲက ၁၈၉၀ ပြည့်နှစ် မြန်မာနိုင်ငံ စာတိုက်ကြီးဥပဒေနဲ့ ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနှစ်ခု စစ်ဆေးဖို့ လွှတ်တော်က တာဝန်ပေးတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ခေါ်ယူပြီးဆွေးနွေးနေပါတယ်။ ပညာရှင်တွေရဲ့ အကြံ ဉာဏ်ကိုလည်း ရယူပါတယ်။ မြေသိမ်းဥပဒေနဲ့ ပတ်သက် ရင် အမျိုးသားမြေအသုံးချမှုမူဝါဒကို အခြေခံပြီး ကော်မတီမှာ ဆွေးနွေးနေပါတယ်။
အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးစဉ်က မြေသိမ်းဥပဒေနဲ့ ဆွေးနွေးပြီး အတည်ပြုတဲ့အခါ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေကြမ်းအနေနဲ့ ပြည်သူ့လွှတ်တော်ကို ပေးပို့ပါတယ်။ ပြည်သူ့လွှတ်တော် ကလည်း ဥပဒေကြမ်းအပေါ် ပြန်လည်ဆွေးနွေးဖြည့်စွက် ပြီး အမျိုးသားလွှတ်တော်ကို ပြန်ပို့ပေးတယ်။ လွှတ်တော် နှစ်ရပ် သဘောထားကွဲလွဲတဲ့အချက်က သိပ်မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပါတယ်။
ကော်မတီကို တာဝန်ပေးလိုက်တဲ့ မြေသိမ်းဆည်း ခြင်း ဥပဒေရဲ့ မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချ ထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ အပင်မျိုးသစ်ကာကွယ် ရေးဥပဒေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွေကိုလည်း ကော်မတီ အနေနဲ့ အထူးအလေးထားပြီး သေချာဆွေးနွေးပါတယ်။ လွှတ်တော်ကလည်း တချို့ဥပဒေဆိုရင် ကော်မတီကို တိုက်ရိုက်တာဝန်ပေးပါတယ်။ ကော်မတီကစပြီး ဆွေးနွေးတယ်။ အဆင့်ဆင့်တင်တယ်။ ဥပဒေပိုင်း ဆိုင်ရာကိုလည်း ကော်မတီအနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်နေပါတယ်။
ကော်မတီအနေနဲ့ အဓိက တာဝန်အရှိဆုံးက ဥပဒေပြုခြင်းနဲ့ အများပြည်သူအကျိုးအတွက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံက မြေစာရင်း၊ မြေပုံနဲ့ မှတ်တမ်းက အရေးကြီးပါတယ်။ အဲဒါတွေမရှိဘဲနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လို့မရပါဘူး။ ဒါက တစ်ပြည်လုံး အတိုင်းအတာနဲ့ စနစ်တစ်ခုတည်းရှိဖို့ လိုအပ်ပါတယ်။ ကော်မတီအနေနဲ့ ဆောင်ရွက်ပြီဆိုရင် ဒီကိစ္စကို ဦးစား ပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ တောင်သူတွေအနေနဲ့ လွတ်လပ်စွာ စိုက်ပျိုးခွင့် လိုအပ်ပါ တယ်။ ဒါက ကော်မတီရဲ့ တာဝန်ထဲမှာလည်း ပါပါတယ်။ တောင်သူတွေအနေနဲ့ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့၊ ဈေးကွက်ကို တင်ပို့နိုင်မယ့် အနေအထားရှိတဲ့၊ အကျိုးရှိတဲ့သီးနှံကို လွတ်လပ်စွာ စိုက်ပျိုးစေချင်ပါ တယ်။ ဒါက အရေးအကြီးဆုံး ဖြစ်ပါတယ်။ စိုက်ပျိုးနည်း စနစ်၊ စိုက်ပျိုးစရိတ်ချေးငွေတွေ ပံ့ပိုးပေးဖို့ လိုအပ်ပါ တယ်။ မျိုးစိတ်တွေ ပံ့ပိုးပေးဖို့၊ ဓာတ်မြသြေဇာနဲ့ ပိုးသတ် ဆေးတွေလည်း မှန်ကန်တဲ့ ပစ္စည်းဖြစ်ဖို့၊ တောင်သူတွေက စနစ်တကျ မှန်ကန်စွာ သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနဲ့ တောင်သူတွေရဲ့ စိုက်ပျိုးရေးအကျိုးရှိစေဖို့ ကန်ထရိုက်လယ်ယာစနစ်က အရေးပါလာပါတယ်။ ကန်ထရိုက်လယ်ယာစနစ်က စိုက်ပျိုးသူတောင်သူရော၊ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေပါ နှစ်ဖက်အကျိုးရှိမှာ ဖြစ်ပါတယ်။ တောင်သူတွေရဲ့ စိုက်ပျိုးရေးမှာ မြေပြုပြင်ချိန်ကစပြီး ရိတ်သိမ်းရောင်းချတဲ့ အချိန်အထိ လုပ်ငန်းအဆင့်ဆင့်မှာ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်။
တောင်သူအတွက် မျိုး၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ် ဆေးကအစ စိတ်မပူရတော့ဘဲ ထွက်ရှိသီးနှံကိုလည်း သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ပေးဝယ်မှာဖြစ်လို့ ဈေးကွက် အတွက် စိတ်ချရပါတယ်။ လုပ်ငန်းရှင်ဘက်က ဝယ်ယူ ရမယ့် သီးနှံထုတ်ကုန်က သေချာပြီဖြစ်လို့ ရှေ့ဆက်လုပ် ရမှာတွေကို စီစဉ်ထားနိုင်ပါတယ်။ ကန်ထရိုက် လယ်ယာ စနစ်မှာ စီးပွားဖက်တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေ ကြားမှာ ပံ့ပိုးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ စိုက်ပျိုးရေးဌာနက ပါလာမှာဖြစ်တယ်။
ဒီလိုမျိုး ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်မှုမှာ တောင်သူလုပ်ငန်းရှင်နဲ့ ဌာနတို့ ပါဝင်လာပြီး လိုက်နာ ဆောင်ရွက်ရမယ့် လုပ်ငန်းအဆင်ဆင့် Standard Operating Procedure - SOP ကို ရေးဆွဲနေပြီလို့ သိရပါတယ်။ လက်ရှိအခြေအနေမှာ ကန်ထရိုက် လယ်ယာစနစ် လုပ်ဆောင်နေပါတယ်။ ကန်ထရိုက် လယ်ယာစနစ် အောင်မြင်တဲ့အတွက် တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က စိတ်ဝင်စားမှုတွေ များလာတယ် လို့ သိရပါတယ်။ လက်ရှိ နိုင်ငံအတွင်းမှာ ကန်ထရိုက် လယ်ယာစနစ် လုပ်နေတာ သိပ်မများပေမယ့် ရှေ့ဆက်ပြီး စနစ်တကျ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း လယ်ယာကဏ္ဍနဲ့ တောင်သူအတွက်သာမက နိုင်ငံ အတွက်ပါ အကျိုးရှိမှာ ဖြစ်ပါတယ်။
တောင်သူတွေမှာ နောက်တစ်ချက် အရေးကြီး တာက မြေယာလုပ်ပိုင်ခွင့် အာမခံချက်ရှိရမယ်၊ လုံခြုံမှု ရှိရမယ်။ တောင်သူတွေရဲ့ လုပ်ပိုင်ခွင့်က စနစ်တကျဖြစ်ဖို့ လိုအပ်ပါတယ်။ လုပ်ပိုင်ခွင့်က ဘယ်အပေါ်မှာ ပြန်ပြီး အခြေခံသလဲဆိုတော့ မြေစာရင်း၊ မြေပုံ၊ မှတ်တမ်းက ကိုက်ညီရမယ်။ နောက်တစ်ချက်က တောင်သူလယ်သမား တွေမှာ စစ်မှန်တဲ့ တောင်သူလယ်သမားအသင်းအဖွဲ့တွေ ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်။ တောင်သူတွေကိုယ်တိုင် ပါဝင်စုစည်းပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ဖို့၊ ဈေးကွက်၊ သတင်းအချက်အလက် ရရှိဖို့တွေက အရေးကြီးပါတယ်။
ဒါကိုလည်း ကော်မတီအနေနဲ့ လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး ဥပဒေ တွေမှာ ထည့်သွင်းပေးထားပြီး တောင်သူလယ်သမားတွေ ကိုယ်တိုင်ပါဝင်တဲ့ တောင်သူလယ်သမား အဖွဲ့အစည်း ဆိုင်ရာ ဥပဒေတစ်ရပ် ပေါ်ထွက်ရေးကိုလည်း ထည့်သွင်း ပေးထားပါတယ်။
အခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင် သက်ဆိုင်ရာ တောင်သူလယ်သမား အသင်းအဖွဲ့တွေက သူ့အသင်းနဲ့သူ အများအကျိုးအတွက်ကြည့်ပြီး ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင် သွားပါတယ်။ တောင်သူလယ်သမား အကျိုးစီးပွားအတွက် ကို သူတို့ကိုယ်တိုင် နားလည်ပြီး ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ကနေ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ တောင်သူ တွေရဲ့ မြေတစ်ယူနစ်ချင်းကနေ ထုတ်လုပ်မှု တန်ဖိုးအမြင့် ဆုံး ဖြစ်စေချင်ပါတယ်။ မြေတစ်ယူနစ်ချင်းအတွက် ထုတ်လုပ်မှုတန်ဖိုး တက်လာရင် တောင်သူအတွက် ဝင်ငွေ တိုးလာမယ်။ ဒါက နောက်ဆက်တွဲ GDP အထိ သက်ရောက် သွားတာ ဖြစ်ပါတယ်။
ဦးစိုးဝင်း (အမျိုးသားလွှတ်တော်
တောင်သူလယ်သမားရေးရာကော်မတီ အတွင်းရေးမှူး)
ကျွန်တော်တို့ နိုင်ငံရဲ့ ကျေးလက်ဒေသနေ ၇၀ ရာခိုင် နှုန်းသော ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေဖြစ်တဲ့အတွက် လယ်ယာကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူအများစု ဖွံ့ဖြိုးတိုးတက်ရမှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ စံချိန်စံညွှန်း တစ်ခု ဖြစ်ဖို့ဆိုရင် လူအများစု ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါ တယ်။ မြန်မာနိုင်ငံမှာ လယ်ယာကဏ္ဍနဲ့ ဆက်နွှယ်နေတဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတွေ၊ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။
သူတို့ဘဝတွေ မြင့်တက်မှ တစ်နိုင်ငံလုံး ဖွံ့ဖြိုး တိုးတက်တယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။
မြေယာသိမ်းတဲ့ကိစ္စက ယနေ့ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာလို့တောင် ပြောလို့ရပါတယ်။ အချို့နိုင်ငံတွေမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက် နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ကဏ္ဍနှစ်ခု ကို ဆောင်ရွက်နေရပါတယ်။ တစ်ဖက်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရသလို၊ တစ်ဖက်ကလည်း မြေယာသိမ်းဆည်းမှုကိစ္စတွေကို ဖြေရှင်းနေရပါတယ်။
ခေတ်အဆက်ဆက်က လယ်ယာမြေ သိမ်းဆည်းမှု တွေက နိုင်ငံအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။ ဒါကြောင့် လွှတ်တော်ကော်မတီတွေကို အများဆုံးရောက်ရှိ တဲ့ တိုင်ကြားစာတွေက မြေယာသိမ်းဆည်းမှုကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကိုလည်း မှန်မှန်ကန်ကန်နဲ့ ဖြေရှင်း ဆောင်ရွက်နိုင်ရေးကို အားလုံးက ဆောင်ရွက်နေပါတယ်။
တောင်သူလယ်သမားတွေဘက်ကလည်း လိုအပ် ချက်တွေ ရှိပါတယ်။ တိုင်ကြားစာတစ်စောင် ရေးတဲ့အခါ အချက်အလက် ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ဘူး။ စိတ်ခံစား ချက်တွေနဲ့ ရေးတယ်။ နိုင်ငံတော်အစိုးရအကြီးအကဲတွေရဲ့ အဆိုအမိန့်တွေကို ရေးတယ်။ ၁၈၉၄ မြေသိမ်းဥပဒေတွေကို ကိုးကားရေးတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေကို ကိုးကား ရေးတယ်။ မြေသိမ်းမူ ၅၂ ချက်ကို ကိုးကားရေးတယ်။ တချို့တောင်သူလယ်သမားက ဒီဥပဒေ ရေးရာကိစ္စရပ်တွေ ကို တော်တော်ကို နားလည်တယ်။ နှစ်ပေါင်းများစွာ သူတို့ လယ်ယာမြေတွေ အသိမ်းဆည်းခံရတော့ ဒီလယ်ယာမြေ တွေ ပြန်လည်ရရှိရေးအတွက် ဆက်စပ်တဲ့ ဥပဒေတွေကို သူတို့ အများကြီးလေ့လာခဲ့တယ်။ ဒါပေမယ့် ရေးတဲ့အခါ သူတို့ စိတ်ခံစားချက်တွေနဲ့ ရေးတဲ့အတွက် စာတွေက ရှည်သွားတယ်။
သူတို့ သိမ်းဆည်းခံရတဲ့ မြေကို ပိုင်ဆိုင်တဲ့ အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြရမယ့်အပိုင်းမှာ အားနည်း သွားပါတယ်။ အဲဒါမျိုးတွေက ကော်မတီအနေနဲ့ စိစစ် သုံးသပ်ဆောင်ရွက်ရတာ ခက်ခဲသွားပါတယ်။ သူတို့ဆီကို ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ ပါလာရင်တော့ ကော်မတီက ပြန်ဆက်သွယ်ပြီး မြေသိမ်းဆည်းခံရမှုနဲ့ စပ်လျဉ်းတဲ့ ပြေစာလေးတစ်စောင် ပူးတွဲတင်ပေးဖို့ တောင်းခံရပါတယ်။
ဆိုလိုချင်တာက လယ်သမားတွေဘက်ကလည်း လိုအပ်ချက်ကလေးတွေ ရှိတယ်။ ကော်မတီဘက်က ဖြေရှင်း ဆောင်ရွက်တဲ့အပိုင်းမှာလည်း အားနည်းချက်တွေ၊ နည်းနည်း နှောင့်နှေးတာလေးတွေ ရှိပါတယ်။ ကော်မတီရဲ့ တာဝန်ထဲက တစ်ခုဖြစ်တဲ့ ၂၀၁၂ လယ်ယာမြေဥပဒေ ပြန်လည်ဆွေးနွေးတဲ့အခါ တောင်သူလယ်သမားသမဂ္ဂတွေ၊ တောင်သူလယ်သမားအသင်းအဖွဲ့တွေ ပေါ်ပေါက်ဖို့အတွက် သီးခြားဥပဒေတစ်ရပ် လိုတယ်ဆိုပြီး ကျွန်တော်ကိုယ်တိုင် ဆွေးနွေးခဲ့ပါတယ်။ အခုဆိုရင် အလုပ်သမားအသင်း အဖွဲ့တွေရဲ့ ခေါင်းစဉ်အောက်က တောင်သူလယ်သမား အသင်းအဖွဲ့တွေကို ဖွဲ့နေပါပြီ။
ဒီလိုဖွဲ့တဲ့နေရာမှာ ကျေးလက်မှာဆိုရင် လူဦးရေ ၃၀ ပါတဲ့ ကျေးလက်အဖွဲ့တွေက စဖွဲ့မယ်။ အဲဒီလို အစုအဖွဲ့ တွေများလာတဲ့အခါ မြို့နယ်အဖွဲ့တွေ ဖွဲ့မယ်။ ခရိုင်အဖွဲ့တွေ ဖွဲ့မယ်။ အခုဥပဒေမှာလည်း ဒါတွေကို ထည့်သွင်းထားပြီ ဖြစ်ပါတယ်။ ဒါတွေက တကယ်လည်း အရေးကြီးပါတယ်။ နည်းဥပဒေမှာ ပြဋ္ဌာန်းလိုက်ရင် တောင်သူလယ်သမား အသင်းအဖွဲ့တွေအနေနဲ့ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းလို့ ရမှာဖြစ်ပါတယ်။
အလုပ်သမားနဲ့ တောင်သူလယ်သမားဆိုတာက သဘောသဘာဝချင်းလည်း မတူဘူး။ အလုပ်သမားက လစာ၊ ရိက္ခာရတယ်။ အချိန်အကန့်အသတ် ရှိတယ်။ တောင်သူလယ်သမားဆိုတာက ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြရတာ၊ နေ့မအိပ် ညမအိပ်လုပ်လို့လည်း ရပါတယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် သီးနှံ ထွက်ရှိမှုအပေါ်မှာ အကျိုးစီးပွားခံစားရတာ ဖြစ်ပါတယ်။
သဘောသဘာဝချင်း မတူဘူး။ အဲဒါကို အလုပ် သမားခေါင်းစဉ်အောက်က တောင်သူလယ်သမား အစုအဖွဲ့တွေ ဖွဲ့နေရတာ အဆင်မပြေပါဘူး။ အဲဒါကို ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ တောင်သူလယ်သမား အသင်းအဖွဲ့တွေ ဖွဲ့စည်းဖို့အတွက် နည်းဥပဒေတစ်ခုနဲ့ ပေါ်လာတော့မှာ ဖြစ်ပါတယ်။
အကျိုးကျေးဇူးတွေလည်း ရရှိလာတော့မှာ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ သွားနေတာက ဒီမို ကရေစီပါ၊ ဒီမိုကရေစီနိုင်ငံဆိုရင် ဒီမိုကရေစီရဲ့ သဘော သဘာဝကိုက အချုပ်အခြာအာဏာဆိုတာ ပြည်သူ့ လက်ထဲမှာ ရှိပါတယ်။ အားလုံးပူးပေါင်းပါဝင်ဖို့လည်း လိုပါတယ်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရအဖွဲ့ တစ်ဖွဲ့တည်း ကောင်းရုံနဲ့ မရပါဘူး။ အားလုံးသော ပြည်သူပြည်သား၊ နိုင်ငံသူနိုင်ငံသားတွေက တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာမှ အောင်မြင်မှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့သူတွေက နည်းနည်းလေးပဲ ရှိပါတယ်။ ဒီနိုင်ငံရေးထဲမှာ ပြည်သူတွေ ပါဝင်လာဖို့ဆိုတာ ဘယ်လိုပုံစံနဲ့ ပါဝင်လာမလဲ။
တောင်သူလယ်သမားက သူ့အကျိုးစီးပွားအတွက် တောင်သူလယ်သမားအဖွဲ့တွေ ဖွဲ့မယ်။ အလုပ်သမားတွေ က အလုပ်သမားအကျိုးစီးပွားအတွက် အလုပ်သမားအဖွဲ့ တွေ ဖွဲ့မယ်။ ဒီလိုပဲ အားလုံးဟာ သူ့အကျိုးစီးပွားအတွက် အကြောင်းပြုပြီး သူ့သက်ဆိုင်ရာ အစုအဖွဲ့တွေက ဒီနိုင်ငံ ရေးထဲမှာ ပါဝင်လာမယ်။ ဒါမှ အားလုံးပါဝင်တဲ့ သရုပ်က ပေါ်လာမှာ ဖြစ်ပါတယ်။
ဒါကြောင့် အသင်းအဖွဲ့တွေ၊ တောင်သူလယ်သမား သမဂ္ဂတွေ ပေါ်ပေါက်ရေးက အရေးကြီးပါတယ်။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားရှိတဲ့အတွက်ကြောင့် ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်ပြီး နိုင်ငံရေးအပေါ်မှာ အာရုံဝင်စားလာမယ်။ နိုင်ငံရေးနဲ့ဆက်စပ်ပြီး အကျိုးစီးပွားတွေကို ဖော်ဆောင် လို့ ရလာမယ်။ ဒါကြောင့် တောင်သူလယ်သမား အသင်း အဖွဲ့တွေနဲ့ သမဂ္ဂတွေ ပေါ်ပေါက်လာရေးက အရေးကြီးပါ တယ်လို့ ပြောချင်ပါတယ်။
အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ကို ရှေးရှုပြီး ကော်မတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် မူဘောင် တွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်တွေ နဲ့အညီ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်လို့ ပြောကြားလိုပါတယ်။
အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ