
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ချက်သမ္မတနိုင်ငံ
အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
============================================================
နေပြည်တော် ဖေဖော်ဝါရီ ၁၀
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ Mr.Jan Hornik နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် အမျိုးသားလွှတ်တော်ရေးရာဆောင် (I-20) ၌ လက်ခံတွေ့ဆုံ သည်။ (ယာပုံ)
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်