
နေပြည်တော် ဇူလိုင် ၁၆
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံအကြားဆောင်ရွက် လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာစီမံကိန်းများ တိုးမြှင့် ဆောင်ရွက်သွားရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်