အမျိုးသားဝိသေသလက္ခဏာ ထင်ရှားမြင့်မားစေရန် မြှင့်တင်

 

ယဉ်ကျေးမှုဆိုသောစကားရပ်က လူ့ဘောင်လူ့အဖွဲ့အစည်းတစ်ခု လုံးနှင့် သက်ဆိုင်ပြီး  လွန်စွာကျယ်ပြန့်သည်။  လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဟုဆိုရာတွင်   ထိုလူမျိုးတို့၏   ဘဝတစ်သက်တာ တစ်လျှောက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှု၊ စားသောက်  မှု၊  ယုံကြည်ကိုးကွယ်မှု၊  ဘာသာစကား၊  ဓလေ့ထုံးစံ၊ လက်မှု ပညာများ၊ ဖျော်ဖြေမှုအနုပညာများစသည့်  ဒြပ်ရှိဒြပ်မဲ့  အရာ အားလုံးပါဝင်သည်။  နည်းပညာက  အရာရာကိုဦးဆောင်လာ သည့် မျက်မှောက်ခေတ်တွင် ယဉ်ကျေးမှုများလည်း အပြန်အလှန် ကူးလူးယှက်သွယ်လျက်ရှိရာ    ပျက်လွယ်ပျောက်လွယ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို   မပျောက်မပျက်အောင်   ထိန်းသိမ်း စောင့်ရှောက်ရန်မှာ လွန်စွာအရေးကြီးလာသည်။


မိမိတို့နိုင်ငံမှာ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝ သောနိုင်ငံဖြစ်ပြီး ထူးခြားသည့်ကိုယ်ပိုင်ဝိသေသလက္ခဏာများ လည်း ပိုင်ဆိုင်ထားသည်။   တိုင်းရင်းသားလူမျိုးများ စုပေါင်း နေထိုင်ကြသည့်      ပြည်ထောင်စုနိုင်ငံဖြစ်သည့်အလျောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များလည်း ရှိနေ သည်။ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအနက်  အဆို၊ အက၊ အရေး၊ အတီးဟူသော အနုသုခုမပညာရပ်များမှာ ဒြပ်မဲ့ယဉ်‌ကျေးမှု အမွေအနှစ်များတွင်    ပါဝင်ပြီး    စဉ်ဆက်မပြတ်ဖော်ထုတ်မှု၊ မျိုးဆက်တစ်ဆက်မှ  တစ်ဆက်သို့ လက်ဆင့်ကမ်းထိန်းသိမ်းမှု၊ ရိုးရာမပျက်      ဖွံ့ဖြိုးတိုးတက်အောင်    ဆောင်ရွက်မှုတို့မရှိပါက အချိန်ကာလအနည်းငယ်မျှအတွင်း ပျောက်ကွယ်သွားနိုင်သည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှ ယဉ်ကျေးမှုများ၏ ဖုံးလွှမ်းမှုများ ခံရပြီး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများမှာ ပျောက်ကွယ်သွား နိုင်သည်။ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်း သိမ်းခြင်းသည်  မိမိလူမျိုး၏  ဝိသေသလက္ခဏာကို   ထိန်းသိမ်း ခြင်းပင်ဖြစ်ရာ   မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်     လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။


မြန်မာနိုင်ငံသည် အိန္ဒိယနှင့် တရုတ်ကဲ့သို့သော ယဉ်ကျေးမှု  အင်အားကြီးမားသည့် နိုင်ငံကြီးနှစ်ခုကြားတွင် ဆက်စပ်တည်ရှိ နေခြင်းဖြစ်ရာ ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ပုံ၊ အလေးအနက်တန်ဖိုးထားကြပုံတို့ကို  လေ့လာ အတုယူကြရန်လည်း    လိုအပ်သည်။    ရှေးနှစ်ပေါင်းများစွာ ကတည်းက   တည်ရှိခဲ့သည့်   ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကို အသေးအဖွဲဟူ၍   သဘောမထားဘဲ   ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ခြင်းအားဖြင့်   ကိုယ့်လူမျိုး၊   ကိုယ့်ရိုးရာ  ယဉ်ကျေးမှုတို့ကို အခြားသောလူ့အဖွဲ့အစည်းတို့ကပါ နားလည် တန်ဖိုးထားလာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းက နိုင်ငံ၏ပုံရိပ် ကို တင့်တယ်စေရန် တည်ဆောက်ခြင်းပင်ဖြစ်သည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် (၂၂) ကြိမ်မြောက် ပြိုင်ပွဲအပြီးတွင်  ရပ်ဆိုင်းသွားခဲ့ရာ  အဆိုပါ ကာလအတွင်း ရိုးရာအနုသုခုမပညာရှင်တို့ စင်ပျောက်ခဲ့ရသည်။ နှစ်စဉ်  ပြိုင်ပွဲများရှိနေချိန်တွင်  မြို့နယ်အဆင့်၊  ခရိုင်အဆင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊    ဗဟိုအဆင့်   စသည်ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်နိုင်ရေးအတွက် လေ့ကျင့် ဆို၊ က၊ ရေး၊ တီး ၍  တက်ကြွလှုပ်ရှားနိုင်ခဲ့ကြသော်လည်း  ပြိုင်ပွဲများ  မကျင်းပ တော့သည့်အခါ တေးသံ၊ ဂီတ၊ ကကြိုးတို့ ဆိတ်သုဉ်းပျောက်ကွယ် ကြရသည်။ ရိုးရာယဉ်ကျေးမှုတစ်ရပ်မှေးမှိန်ခြင်းသည် လူမျိုး၏ အမျိုးသားဝိသေသလက္ခဏာတစ်ရပ် မှေးမှိန်ခြင်းပင်ဖြစ်သည်။ 


၂၀၂၃ ခုနှစ်၊    (၂၄)ကြိမ်မြောက်   မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို  ဦးတည်ချက် (၄) ရပ် နှင့်အညီ  မကြာမီကျင်းပတော့မည်။ မြန်မာတစ်မျိုးသားလုံးနှင့် တကွ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊  အမျိုးသားယဉ်ကျေးမှု  စရိုက်လက္ခဏာများ ကို ဖော်ထုတ်၊ ထိန်းသိမ်း၊  မြှင့်တင်ကာ  မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းအမွေပေးဝေခြင်းဖြင့်    အမျိုးသားဝိသေသ လက္ခဏာ ထင်ရှားမြင့်မားပါစေကြောင်း။        ။