
အမျိုးသမီး ချန်ပီယံလိဂ်ကွာတား ဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှ ဂျူဗင်တပ်စ်နှင့် လိုင်ယွန်အသင်း၊ အာဆင်နယ်နှင့် ဝုဖ်ဘတ်အသင်း တို့ပွဲစဉ်ကို မတ် ၂၄ ရက် နံနက် ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျူဗင်တပ်စ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဆင် နယ်နှင့် ဝုဖ်ဘတ်အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့သည်။
ဂျူဗင်တပ်စ်နှင့် လိုင်ယွန် အသင်းတို့ပွဲစဉ်တွင် လိုင်ယွန် အသင်းသည် ပွဲချိန် ရှစ်မိနစ်တွင် မာကာရီယို၏ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုပေးခဲ့ရသောကြောင့် ရှုံးပွဲနှင့် ကြုံတွေ့ ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လိုင်ယွန်အသင်းမှ ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်သူ ကာပင်တာသည်ပွဲချိန် ၆၂ မိနစ်တွင် အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသောကြောင့် လက်ကျန် ပွဲချိန်များကို တစ်ယောက်လျော့ ဖြင့် ကစားခဲ့ရသည်။ ဂျူဗင်တပ်စ် အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၁ မိနစ်တွင် ဂီရယ်လီက သွင်းယူပေးပြီး အနိုင်ဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် ဘွန်ဖန်တီနီက သွင်းယူပေးခဲ့သည်။
အာဆင်နယ်နှင့် ဝုဖ်ဘတ် အသင်းတို့ပွဲစဉ်တွင် အာဆင်နယ် အသင်းသည် ပြိုင်ဘက်ကို ပွဲချိန် တစ်လျှောက် ဖိအားပေးကစားနိုင် ခဲ့သော်လည်း ပွဲချိန် ၁၉ မိနစ်တွင် ဝက်စ်မုသ်၏ ဦးဆောင်ဂိုး ခွင့်ပြု ပေးခဲ့ရသည်။ အာဆင်နယ်အသင်း အတွက် ချေပဂိုးကို ပွဲချိန်ပြည့်ခါနီး တွင် ဝုဖ်ဘင်မို့က သွင်းယူပေး ခဲ့သည်။
အမျိုးသမီး ချန်ပီံယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို မတ် ၃၀ ရက်၊ ၃၁ ရက် တို့တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
အောင်ဇော်