အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်   မတ်    ၂၄


အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစား ရန် စီစဉ်ခဲ့သူများအား   လူကုန်ကူးမှုဖြင့်   အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ   ရန်ကုန်တိုင်းဒေသကြီး   ဆိပ်ကြီး ခနောင်တိုမြို့နယ်နေ  မစန်းစန်းမော်၊ မဝင်းသိန်း (ခ) မငယ်မနှင့် ကိုမြင့်အေး၊ ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ်နေ     မနှင်းဝတ်ရည်ဝင်း   (ခ)   အိကြီးနှင့် မမေပုလဲ (ခ) နှင်းအိခိုင် တို့က ရန်ကုန်တိုင်းဒေသကြီး  ဆိပ်ကြီးခနောင်တိုမြို့နယ်နေ  မ . . . . ၊  ၃၆ နှစ်နှင့် မ . . . . ၊   ၂၀  နှစ်တို့ကို  တရုတ်အငှားမယားအဖြစ် လုပ်ကိုင်၍ တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်သိန်း ၅၀/ ၆၀ ခန့်ရမည်ဟု ပြောဆိုစည်းရုံးကာ  တရုတ် နိုင်ငံသို့  ပို့ဆောင်၍  တရုတ်ယောကျ်ားထံ ရောင်းစား ရန် စီစဉ်ခဲ့သဖြင့် ဆိပ်ကြီးခနောင်တိုမြို့မ ရဲစခန်း(ပ)  ၉၈/ ၂၀၂၀၊   လူကုန်ကူးမှု  တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ မတ် ၂၃ ရက်တွင် တရားခံ  မစန်းစန်းမော်၊  မဝင်းသိန်း  (ခ)  မငယ်မ၊ ကိုမြင့်အေး၊   မနှင်းဝတ်ရည်ဝင်း  (ခ)    အိကြီးနှင့် မမေပုလဲ(ခ) နှင်းအိခိုင် တို့  ငါးဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။                 

သတင်းစဉ်