
နေပြည်တာ် ဩဂုတ် ၂
အမျိုးသမီးများကို တရုတ်ယောက်ျားနှင့် လက်ထပ်ရန် ရောင်းစား ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်နေ ခင်မာလာသိန်း(ခ)နွယ်နီခိုင်(ခ)မခိုင်(ခ) ကရင်မက နေပြည်တော်ကောင်စီ လယ်ဝေး မြို့နယ်နေ မ---၊ ၂၂/၂၀၁၇ နှစ်၊ မ---၊ ၁၇/၂၀၁၇ နှစ်နှင့် မ----၊ ၂၇/၂၀၁၇ နှစ်တို့အား မူဆယ်မြို့တွင် အလုပ်ရမည်ဟု ပြောဆို စည်းရုံးခေါ်ဆောင်ပြီး တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် ရောင်းစား ခဲ့သဖြင့် အေလာနယ်မြေရဲစခန်း (ပ) ၃၃၇/၂၀၁၇၊ (ပ)၃၃၈/ ၂၀၁၇၊ (ပ)၃၃၉/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ တို့ဖြင့် အသီးသီး အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။ လယ်ဝေး ခရိုင်တရားရုံးမှ ဇူလိုင် ၃၁ ရက်တွင် တရားခံ ခင်မာလာသိန်း (ခ) နွယ်နီခိုင် (ခ) မခိုင် (ခ) ကရင်မအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ တစ်မှုလျှင် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်း နှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်