အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်    မေ    ၁၃


အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူအား       လူကုန်ကူးမှုဖြင့်    ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 


ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နေ မxxxx (၁၃ နှစ်)သည် ၂၀၁၈ ခုနှစ် မတ်လက ၎င်းအလုပ်လုပ်ကိုင်နေသည့်   လားရှိုးခေါက်ဆွဲဆိုင်သို့  မိခင်ဖြစ်သူ၏  သူငယ်ချင်းဖြစ်သူ မမိုးသူ (ခ)သော်သော်ဦး (၅၂ နှစ်) (ဘ)ဦးမောင်ချူး၊အလယ်ကုန်း ရပ်ကွက် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်နေသူ ရောက်ရှိလာပြီး ၎င်းနှင့်အတူ တရုတ်နိုင်ငံတွင် ဈေးရောင်းသည့်အလုပ်လုပ်ကိုင် ပါက တစ်လလျှင် ငွေကျပ်ငါးသိန်းကျော်ခန့်ရရှိမည်ဟု စည်းရုံး ပြောဆိုပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်သွားကာ တရုတ်လူပွဲစား အမျိုးသမီး(အမည်မသိ)နှင့် ပူးပေါင်း၍ တရုတ်နိုင်ငံ ယူနန် ပြည်နယ် ရှီတုန်းခရိုင် အဲ့တင်မြို့ ဆာထန်ခန်းကျေးရွာ အုပ်စု (၄)နေ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားကာ   ငွေကြေး အကျိုးအမြတ်များရယူခဲ့သဖြင့် မိုးကောင်းမြို့နယ်  နမ္မတီး နယ်မြေရဲစခန်း(ပ)၁၃/၂၀၂၀ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ-၂၄ ဖြင့် အမှုရေးဖွင့်၍ မိုးညှင်းခရိုင်တရားရုံးသို့    တရားစွဲတင်ပို့ခဲ့ရာ   တရားခံ    မိုးသူ(ခ)သော်သော်ဦးကို မေ ၁၂ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ အရ ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                                                  

 သတင်းစဉ်