အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများနှင့် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေသူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော်  ဇန်နဝါရီ    ၃


အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများ နှင့် ပြည့်တန်ဆာအဖြစ်   အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်သူများအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ ငပုတောမြို့နယ် အမှတ်(၂)ရပ်ကွက်နေ မရွှေစင် (ခ)ရွှေစင်ဝင်း(မိ)၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နေ ထွန်းလင်း(ခ)မိုးမိုး(မိ)၊ လှိုင်သာယာမြို့နယ်နေ မချိုမာ(ခ) ခင်မိုးသူ(မိ)နှင့် မမိငယ် (တိမ်းရှောင်)တို့က လှိုင်သာယာမြို့နယ်နေ မxxx၊ ၃၁ နှစ်ကို တရုတ် နိုင်ငံသားနှင့် တစ်နှစ်ပေါင်းသင်းပါက ငွေကျပ်သိန်း ၂၀ ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားတစ်ဦးထံ ပို့ဆောင်ရောင်းစားခဲ့ သဖြင့် လှိုင်သာယာမြို့မရဲစခန်း(ပ) ၁၃၂၇/၂၀၁၉၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ  ၃၁ ရက်တွင်   တရားခံ မရွှေစင်(ခ) ရွှေစင်ဝင်းနှင့် ထွန်းလင်း (ခ)မိုးမိုးတို့ကိုလည်းကောင်း။


သရက်မြို့နယ်နေ မxxx၊ ၂၂ နှစ်ကို မုံရွာမြို့ နန္ဒဝန်ရပ်ကွက်နေ ကောင်းထက်စံ (ခ) မှန်ကြီး (ခ)ကောင်းချစ်စံ(မိ)၊ လိပ်စာတူ မအိသန္တာ ဖြိုး (ခ) မအိ(ခ)ကုလားမ(မိ)နှင့်  အောင်လံမြို့နေသူ မခိုင် (တိမ်းရှောင်) တို့က ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဘားအံမြို့မရဲစခန်း(ပ)၁၇၈/၂၀၂၁၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဘားအံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် တရားခံ ကောင်းထက်စံ(ခ)မှန်ကြီး (ခ)ကောင်းချစ်စံနှင့် မအိသန္တာဖြိုး (ခ)မအိ(ခ)ကုလားမ တို့ကိုလည်းကောင်း  လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                    

         သတင်းစဉ်