အမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ စီစဉ်ဆောင်ရွက်ပေးသော အခြေခံစားကုန်ပစ္စည်းများရောက်ရှိ၊ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

 

နေပြည်တော်   မေ   ၃၀


ရခိုင်ပြည်နယ်အတွင်း AA အကြမ်း ဖက်     သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ    လုပ် ဆောင်လျက်         ရှိသည့်အပြင် ဆက်သွယ်ရေး လမ်းကြောင်းများ အား နည်းမျိုးစုံဖြင့် ဖြတ်တောက် ပိတ်ဆို့ခြင်းများ   လုပ်ဆောင်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က    အဆိုပါဒေသ   တည်ငြိမ် အေးချမ်းရေးနှင့်       လမ်းပန်း ဆက်သွယ်ရေး   လုံခြုံချောမွေ့စေ ရေးတို့အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမ်း ခရိုင်ရှိ ဒေသခံပြည်သူများအတွက် အခြေခံ     စားသောက်ကုန်ပစ္စည်း များ  တင်ဆောင်လာပြီး   အမ်း-ပဒါန်း    လမ်းကြောင်းအတိုင်း ထွက်ခွာလာသည့်      ကုန်စည် ပို့ဆောင်ရေး       အရပ်ဘက် မော်တော်ယာဉ်    ၂၇    စီးသည် မေ ၂၉  ရက်   မွန်းလွဲပိုင်းတွင် အမ်းမြို့သို့      ရောက်ရှိလာရာ အနောက်ပိုင်းတိုင်း    စစ်ဌာနချုပ် ဒုတိယတိုင်းမှူး      ဗိုလ်မှူးကြီး သောင်းထွန်းနှင့် တာဝန်ရှိသူများ၊ အမ်းခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများက   ဝမ်းပန်း တသာ ကြိုဆိုကြသည်။
အဆိုပါ မော်တော်ယာဉ်များ ဖြင့် ရောက်ရှိလာသည့်  ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ် စသည့်  အခြေခံစားသောက် ကုန်ပစ္စည်းများကို        ယနေ့ မွန်းလွဲပိုင်းတွင်     အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌    ဒေသခံ ပြည်သူများအား    သက်သာသော ဈေးနှုန်းဖြင့်   ရောင်းချပေးခဲ့ရာ တစ်ခဲနက်ဝယ်ယူအားပေးသည်။
အမ်းမြို့နှင့်     ပတ်ဝန်းကျင် ကျေးရွာများမှ    ဒေသခံပြည်သူ များအနေဖြင့် ယခုကဲ့သို့ စားရေး အခက်အခဲ    ဖြစ်ပေါ်နေချိန်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအား    အထူးပင် ကျေးဇူးတင်ရှိလျက်     ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်